
နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်တယ်ဆိုတဲ့အကြောင်း ပို့စ်တစ်ခုက ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်အသုံးပြုသူများကြားမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “နိုင်ငံရေးမှာ တပ်မတော်၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေးပြီ” ဆိုတဲ့ခေါင်းစဉ်နဲ့ “တပ်မတော် ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ပဲဖြစ်စေချင်တယ်၊ နိုင်ငံရေးထဲမှာ ပါ၀င်တဲ့တပ်မ တော် မဖြစ်စေချင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောဆိုလိုက်ပါတယ်။…..”စသဖြင့် ရေးသားထားပြီး အောက်မှာတော့ ၁၀-၁၀-၂၀၂၀လို့ နေ့စွဲတပ်ထားတာကိုတွေ့ရပါတယ်။ ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာပြန်လည်မျှဝေနေကြတာတွေ့ရပါတယ်။
RFA ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှာပြောကြားခဲ့သယောင်ဖော်ပြနေပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီစကားတွေကို ၂၀၁၃ ခုနှစ်က အောက်တိုဘာ ၁ ရက်မှာ ပြောကြားခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB Link | Archive Link
အချက်အလက်စိစစ်ချက်
ပထမဦးဆုံး ဒီပို့စ်မှာပါဝင်တဲ့ “နေပြည်တော် လွှတ်တော်၀င်းအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီရေးရာအဆောင်မှာ ဒီနေ့ နေ့လည်ပိုင်းက သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုသတိပေးပြောဆိုလိုက်တာပါ။”ဆိုတဲ့ စာပိုဒ်နဲ့ “၁၀-၁၀-၂၀၂၀”လို့တပ်ထားတဲ့ နေ့စွဲအရ အဲ့ဒီနေ့မှာ ဒီလိုသတင်းတစုံတရာဖော်ပြထားတာမတွေ့ရသလို လွှတ်တော်ဝင်းအတွင်းမှာ သတင်း ထောက်တွေနဲ့ တွေ့ဆုံဖြေကြားခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။
ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဒီလိုတွေ့ဆုံဖြေကြားလေ့ရှိတာကလည်း ယခင်အစိုးရလက်ထက် တရား ဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်းအေးချမ်းရေး ကော်မတီဥက္ကဌအဖြစ်တာဝန်းထမ်းဆောင်စဉ်ကသာ ဖြေကြားခဲ့ တာရှိပါတယ်။ ယခုနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ချိန်မှာတော့ မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီကတဆင့်တွေ့ဆုံမှုကလွဲလို့ RFA အပါအဝင်မီဒီယာများနဲ့ သီးသန့်တွေ့ဆုံဖြေကြားမှုမရှိသလောက်ပါ။
ဒီပို့စ်ရဲ့ အဓိကစကားစုတွေဖြစ်တဲ့ “နိုင်ငံရေးမှာ တပ်မတော်၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေးပြီ” “တပ်မတော်” “ဒေါ်အောင်ဆန်းစုကြည်”ဆိုတဲ့ စကားစုတွေနဲ့ Googleမှာရှာကြည့်မယ်ဆိုရင် အထက်ပါစကားကို ယခုကာလမှာပြောခဲ့တဲ့ သတင်းမတွေ့ရပဲ ၂၀၁၃ခုနစ်၊ အောက်တိုဘာလ ၁ရက်နေ့က ပြောခဲ့တာကိုသာတွေ့ ရပါတယ်။ RFAသတင်းဌာနကဖော်ပြထားကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင် ပါတယ်။

မူရင်းလင်ခ့် – Link | Archive Link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ဆိုတာကို လက်ရှိကာလမှာ ဒေါ်အောင်ဆန်း စုကြည်ပြောဆိုခဲ့တာမဟုတ်ပဲ ယခင်အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် ချိန်က ပြောခဲ့တာကိုသာတွေ့ရပါတယ်။

Title:နိုင်ငံရေးမှာ တပ်မတော်မပါဝင်ဖို့ ၂၀၁၃ ခုနှစ်က ဒေါ်အောင်ဆန်း စုကြည်ကြားချက်ကို လက်ရှိပြောကြားချက်အဖြစ်မျှဝေနေ
Fact Check By: Lynn YuResult: Misleading