
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုးပါတီထဲဝင်ရောက်ကုန် တယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက်သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ပို့စ်မှာ “နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အကုန် NLD ပါတီမှ နှုတ်ထွက်ပြီ USDP ပြည်ခိုင်ဖြိုး ပါတီထဲဝင်ရောက်ကုန်ပါပြီ မြေပြင်အခြေအနေမှန်”လို့ ရေးသားထားပြီး “Min Zaw”အမည် ဖေ့စ်ဘွတ်အသုံးပြုသူက “NLD မပါသောညွန့်ပေါင်းအစိုးရ လိုလားသူများ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အောက်ပါအတိုင်းမျှဝေထားပါတယ်။

အချက်အလက်စိစစ်ချက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒက္ခိဏသီရိမြို့နယ်မြို့နယ်ဉက္ကဌလည်းဖြစ်ပြီး လက်ရှိ ဒက္ခိဏသီရိ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဉီးသန့်စင်ထွန်းကို Fact Crescendo Myanmar က ပါတီဝင်တွေနှုတ်ထွက်တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်အတည်ပြုရာမှာ အောက်ပါအတိုင်းပြောပါတယ်။
“မဟုတ်ပါဘူး ခင်ဗျ။ အဲလိုမရှိပါဘူး။ မြို့နယ်ပါတီမှာ ကျွန်တော်ဉက္ကဌပါပဲ။ မရှိပါဘူး။ ကျွန်တော်တို့ပါတီကနေ ပါတီဝင်တွေ ကျွန်တော်တို့ဆီမှာ နှုတ်ထွက်စာတင်တာတို့ ဘာတို့ တစ်ခုမှမရှိပါဘူး။ ကျွန်တော်တို့ကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းက တော်တော်ကိုဆိုးတယ်။တော်တော်ကို အောက်တန်းကျတယ်ပေါ့နော်။ ကျွန်တော်မြို့နယ်ထဲမှာ နှစ်ကြိမ်ကြုံဘူးတယ်။ နှစ်ကြိမ်ကြုံဖူးတာက တစ်ကြိမ်ကကျတော့ ဆယ်မာအူးလ် အွန်ဒုန်ဆိုတဲ့ ကိုရီးယားနိုင်ငံအထောက်အပံ့နဲ့ဆောင်ရွက်နေတဲ့ ကျေးရွာဖွံ့ဖြိုးမှုဆောင်ရွက်နေတဲ့ စီမံကိန်း ရှိတယ်။ အဲဒီစီမံကိန်းမှာဆိုရင်လည်း ကျွန်တော်မြို့နယ်က ပါတီဝင်တွေပေါ့နော်။ မြို့နယ်အလုပ် အမှုဆောင် ထဲမှာပါတဲ့ ပါတီဝင်တွေက သူတို့ရဲ့ နာမည်တွေ လက်မှတ်အတုတွေနဲ့ တိုင်တယ်။ တိုင်ပြီးတော့ စစ်ဆေးခံရ တာပေါ့။ ဒါပေမဲ့ အဲလိုတိုင်ကြားခြင်း ကြောင့် ဘာဖြစ်သွားလဲဆိုတော့ ဒီငွေပြန်ထုတ်ပေးတဲ့ဟာက နှောင့်နှေး ကြန့်ကြာသွား တာပေါ့။ ဒါပေမဲ့ မြေပြင်မှာကျတော့ သူတို့က ဘယ်လို ပြန်ဖြန့်လဲဆိုတော့ NLD က လူတွေ တိုင်လို့ ဒီချေးငွေတွေ နှောင့်နှေး ကြန့်ကြာတယ်ဆိုတဲ့ ပုံစံမျိုး ပြန်ဖြန့်တယ်။ ဒါတစ်ကြိမ်ဖြစ်ဖူး တာပေါ့နော်။ နောက်တစ်ကြိမ်က ဘာဖြစ်ဖူး လဲဆိုတော့ ဒီမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဉက္ကဌကို မြို့နယ် ရွေးကောက်ပ ွဲကော်မရှင်အဖွဲ့ခွဲရဲ့ ဉက္ကဌကို ကျွန်တော်ပါတီက အတွင်းရေးမှူး အဲဒါကျတစ်ယောက် ထဲဖြစ်သွားတယ်။ သူ့ရဲ့နာမည် လက်မှတ်အတုနဲ့ သူ့အနေနဲ့ ပါတီအနေနဲ့တိုင်တာပေါ့။ တိုင်တော့လည်း ဒီလိုပေါ့နော်။ နိုင်ငံရေး ပါတီအချင်းချင်းကြားထဲမှာ နိုင်ငံရေးပါတီနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဟိုလိုဟိုနင်း ဖြစ်အောင် တိုင်တာမျိုးတွေလည်းရှိတယ်။ လုပ်ကြံပြီးတော့လေ။ ကျွန်တော် ဒီမြို့နယ်ထဲဖြစ်ပျက်နေတဲ့ အခြေအနေကတော့ တော်တော်အောက်တန်းကျတယ်။ တော်တော်ကို အောက်တန်းကျတယ်”လို့ ဉီးသန့်စင်ထွန်းက ပြောပါတယ်။
မြို့နယ်လုံးကျွတ် ပါတီဝင်တွေနှုတ်ထွက်တဲ့ သတင်းမျိုး သတင်းဌာနတွေက ရေးသားခဲ့ခြင်းရှိမရှိ ရှာဖွေကြည့်မှာ လည်း ဒီလို မြို့နယ်လုံးကျွတ်ပါတီဝင် တွေနှုတ်ထွက်ဆိုတဲ့ သတင်းမျိုးမရှိတာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ “Min Zaw”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူမျှဝေထားတဲ့ နေပြည်တော် ဒက္ခိဏသီရိက NLD ပါတီဝင်အကုန်လုံး USDP ပြောင်းကုန်ပြီဆိုတဲ့ အချက်ကို အချက်အလက်မှား အဖြစ်သတ်မှတ်ပါတယ်။

Title:နေပြည်တော် ဒက္ခိဏသီရိက NLD ပါတီဝင်အကုန်လုံးနှုတ်ထွက်သွားတယ်ဆိုတဲ့ သတင်းတု သတင်းမှား
Fact Check By: Nayar MaungResult: False