
COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက နေတဲ့ အရေးကြီးကာလအတွင်းမှာ ပြည်သူလူထုအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ဧပြီ ၆ ရက်ကထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိအချိန်ဟာ ဧပြီလအတွင်းက သုံးစွဲခဲ့တဲ့လျှပ်စစ်ဓာတ်အားခတွေကို တောင်းခံနေတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဧပြီလ လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီးရေးသားထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်သုံးစွဲ သူတွေအကြားမှာရေပန်းစားနေပါတယ်။ အောက်ပါ screenshot ကတော့ “Crystal Ko”အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူမျှဝေထားတဲ့ ပို့စ်ထဲကဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က အနည်းဈေးနှင့်ပေးဆောင်ရသော ယူနစ်၁၅၀ကင်းလွတ်ခွင့်ပေးပါမည်ဟု မကြေငြာခဲ့ပဲ ယူနစ်၁၅၀ကင်းလွတ်ခွင့်ရမည်ဟုသာကြောငြာခဲ့ကြောင်းနဲ့ ကြေငြာချက်သဘောအရဆိုလျှင် သုံးစွဲခဲ့တဲ့ ယူနစ်၁၅၀ကို အရင်နုတ်ပြီးမှတွက်ရမည်၊ မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းအနေနဲ့ လွဲမှားတွက်ချက်ပြီးကောက်ယူနေတယ်ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

ဒီလိုမျိုးတွက်ချက်မှုဟာ ယူနစ် ၁၅၀ အထက် သုံးစွဲထားသူတွေအနေနဲ့ ထူးခြားမှုရှိပေမဲ့ ယူနစ် ၁၅၀ အောက်နဲ့ ယူနစ် ၁၅၀ အထိပဲသုံးစွဲခဲ့သူတွေအတွက်ကတော့ သက်ရောက်မှုတစ်စုံတစ်ရာမရှိပေမဲ့ ၁၅၀ ယူနစ်အထက် သုံးစွဲခဲ့သူတွေအတွက် သက်ရောက်မှုရှိတာဖြစ်ပါတယ်။ ပို့စ်မှာပြောထားသလို လျှပ်စစ်ဓာတ်အားခကောက် ယူတဲ့အဖွဲ့အစည်းကမှားယွင်းကောက်ယူမှုလားဆိုတာ အချက်အလက်စိစစ် ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီက ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက် နေတဲ့ အရေးကြီးကာလအတွင်းမှာ ပြည်သူလူထုအတွက် အိမ်သုံးအမျိုးအစားလျှပ်စစ်ဓာတ် အားသုံးစွဲမှု ၁၅၀ ယူနစ်ကို အခမဲ့ သုံးစွဲခွင့် ဧပြီလအကုန်အထိ ပေးသွားမယ်လို့ ဧပြီ ၆ ရက်ထုတ်ပြန်ချက်ကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

လျှပ်စစ်ယူနစ် ၁၅၀ အထိသုံးစွဲသူမှုကို အခမဲ့သုံးစွဲခွင့်ပြုကြောင်းကြေညာခြင်းဖြစ်ပါတာတွေ့ရပါတယ်။
COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ ဧပြီ ၆ ရက်ထုတ်ပြန်ချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဧပြီ ၇ ရက်မှာ “ပြည်သူသို့ အသိပေးတင်ပြချက်”ဆိုပြီးတော့ အောက်ပါ အတိုင်းပြန်လည်ရှင်းထားပါတယ်။ အကျုံးဝင်တဲ့ ရက်ကတော့ ဧပြီ ၁ ရက်ကနေ ဧပြီ ၃၀ ရက်အတွင်း လျှပ်စစ်ယူနစ် ၁၅၀ ယူနစ်အထိ အခမဲ့သုံးစွဲခွင့်ပေးမည်ဖြစ်ပြီး ၁၅၀ ယူနစ်အထက်သုံးစွဲသူတွေအတွက် ဓာတ်အားခကျသင့်ငွေ ၁၁၅၅၀ ကျပ် ကင်းလွတ်ခွင့်ရမယ်လို့ ထုတ်ပြန်ကြေညာထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လျှပ်စစ်မီတာခကောက်ခံရာမှာ ယူနစ် ၁၅၀ ကို နှုတ်ပယ်ပြီးမှ ကျန်တဲ့ လျှပ်စစ်ယူနစ်တွေကို တွက်ချက်ရမယ်ဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။ ဒါကြောင့် “Crystal Ko” အမည်နဲ့ဖေ့စ်ဘွတ် သုံးစွဲသူမျှဝေထားတဲ့ပို့စ်ဟာ နားလည်မှုလွဲမှားနေတဲ့ အချက်အလက်မှား ပို့စ်ဖြစ် တာတွေ့ရပါတယ်။

Title:ပျံ့နှံမှုအားကောင်းနေတဲ့ မီတာခအရှုပ်တော်ပုံပို့စ်အကြောင်း
Fact Check By: Nayar MaungResult: False