သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အစိုးရအဖွဲ့နဲ့ ပတ်သက်တဲ့ ပြောကြားချက်တစ်ချို့နဲ့ ပတ်သက်ပြီး NLD အစိုးရနဲ့ NLDပါတီရဲ့နောက်ကျောကိုဓါးနဲ့ထိုးနေသလို ဖြစ်နေတဲ့အတွက် သူ့ကိုမယုံဘူးလို့မုံရွာအောင်ရှင်က ပြောတယ်ဆိုတဲ့ ပို့စ်တစ်ခု “Forward Media Group”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်း မျှဝေထား ပါတယ်။

ကျည်ကာကားဝယ်တဲ့ ကိစ္စ၊ရဟတ်ယာဉ်ဝယ်တဲ့ကိစ္စနဲ့ မြေကွက်ကိစ္စတွေမှာ NLD ကဖုံးဖုံးဖိဖိလေးလုပ်နေတာကို ဖွင့်ချပြောလိုက်တဲ့အတွက် သူ့လုပ်ရပ်တွေကအစိုးရနဲ့ ကျနော်တို့ NLD ပါတီရဲ့ နောက်ကျောကို ဓါးနဲ့ထိုးနေ တာတာဖြစ်တဲ့အတွက် ဉီးဇော်ဌေးက လုံးဝမယုံဘူးလို့ ပြောကြောင်း မုံရွာအောင်ရှင်က ပြောတယ်ဆိုပြီးတော့ ရေးသားထားပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ဒီလို ပျံ့နှံ့ခဲ့တဲ့ ပို့စ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေး မှူးမုံရွာအောင်ရှင်ကို Fact Crescendo Myanmar က ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောပါ တယ်။

“တစ်ခါမှလည်း မပြောဘူးပါဘူး။ မဟုတ်ပါဘူးဗျာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ပြောမယ် မြေကွက်ကိစ္စ ကို ကျွန်တော်ကိုမေးတိုင်း ဒီဟာ ကျွန်တော်မသိဘူး။ ဒါအတွက်တော့ ကျွန်တော်မဖြေပေးနိုင်ဘူးလို့ ကျွန်တော် အမြဲတမ်းပြောပါတယ်။ ရဟတ်ယာဉ်ကိစ္စက ကျွန်တော်နဲ့လည်းမဆိုင်ဘူး။ တစ်ခါမှာလည်း မမေးဘူးဖူး”လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

“Forward media group”ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက “အခြားမီဒီယာများမှ သတင်းများ၊ ဓါတ်ပုံများ မူလပိုင်ရှင်အသိမပေးဘဲ ခိုးယူဖော်ပြသည်။ ပုံဖျက်ထားသောလုပ်ကြံသတင်းများတင်သည်”ဆိုပြီးတော့ သတင်းတုတင်တဲ့ စာမျက်နှာအဖြစ် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီမှာ သတ်မှတ်ခဲ့တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Myanmar Press Council

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ အတွင်းရေးမှူးမုံရွာအောင်ရှင်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးရဲ့ အစိုးရနဲ့ ပတ်သက်တဲ့ ပြောကြားချက ်တွေကြောင့် မယုံဘူးလို့ ပြောခဲ့တယ်ဆိုတဲ့အချက်ကို အချက်အလက်မှားအဖြစ်သတ်မှတ်ပါတယ်။

Avatar

Title:NLD နောက်ကျောကို ဓားနဲ့ထိုးသလိုဖြစ်လို့ ဦးဇော်ဌေးကို မယုံဘူးလို့ မုံရွာအောင်ရှင် ပြောတယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung

Result: False