လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားတယ်ဆိုတဲ့ သတင်းမှား

Coronavirus False လူမှုရေး၊ကူးစက်ရောဂါ

လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားဆိုပြီး ပို့စ်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

“ရုရှားနိုင်ငံ တွင် သမ္မ ပူတင်မှ လူတွေ အပြင်မထွက်စေရန် ကျား နှင့် ခြသ့်။ ‌အကောင် (၈၀၀) လမ်းတွေ မှာ ချထားလိုက်တယ်။”လို့ MMcities အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ မျှဝေထားပါတယ်။

Fb linkArchive link

Sai Tin အမည်နဲ့အကောင့်က “ကျောက်စိမ်း လုံးခွင်လိုင်း”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာ အခုလိုမျှဝေထားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

လက်ရှိကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်လွှာက နိုင်ငံအတော်များများမှာ အပြင်မထွက်ရအမိန့်ထုတ်ပြန်ပြီး ကူးစက်ရောဂါပိုးကိုထိန်းချုပ်ဖို့ဆောင်ရွက်နေပေမဲ့ သတင်းဖော်ပြချက်ဟာ ယုံကြည်ဖို့ခက်ခဲ့တဲအတွက် ဓာတ်ပုံကို Google Reverse Image Search ကို သုံးပြီးရှာကြည့်တဲ့အခါမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

Amonpointtv.com က သတင်းတစ်ခုကိုလည်း အခုလိုတွေ့ရပါတယ်။ ဒီသတင်းဖော်ပြထားတာကတော့ ရုရှားမီဒီယာတွေက ဒီသတင်းမှားကိုဖော်ပြပြီးတဲ့နောက် covid-19 ကြောင့် ကြောက်ရွံ့နေတဲ့သူတွေဟာ အရေးကြီးတဲ့လုပ်ငန်းဆောင်တာတွေဆောင်ရွက်ဖို့တောင် အပြင်မထွက်တော့ဘူးလို့ ဖော်ပြထားပါတယ်။ ဒီသတင်းမှားကို အင်္ဂလိပ်၊စပိန်၊အီတလီ၊ ပြင်သစ်၊ ဂျာမန်စတဲ့ ဘာသာစကားတွေနဲ့ ပျံ့နှံ့ခဲ့တာတွေ့ရတယ် လို့လည်း ရေးသားထားပါတယ်။

linkArchive link

ကိုလံဘတ်စ် အမည်ရှိတဲ့ ခြင်္သေဟာ ရုပ်ရှင်များစွာမှာသရုပ်ဆောင်ခဲ့ပြီး ဂျိုနသန်ဘာ့ဂါမြို့လယ်မှာ ရုပ်ရှင်ကားတစ်ကားအတွက် ပြကွက်ရိုက်ကူးဖို့ သူ့ကို အသုံးပြုရာမှာ ဒေသအာဏာပိုင်တွေကို ကြိုတင်အသိမပေးခဲ့တဲ့အတွက် လူတွေ ထိတ်လန့်ခဲ့ရတယ်လို့ ဒေလီးမေးလ်သတင်းနဲ့ နယူးယောက်ပို့စ် သတင်းတွေမှာ ၂၀၁၆ ခုနှစ် ဧပြီ ၁၅ ရက်က သတင်းမှာဖော်ပြပါတယ်။

Daily Mail linkNy post link
Archive linkArchive link

၂၀၁၆ ခုနှစ် ဧပြီ ၁၄ ရက်ဓာတ်ပုံမျှဝေတဲ့ဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ imgur မှာ လူမှုကွန်ယက်သုံးစွဲသူတစ်ယောက်က ဒီပုံကို တင်ထားတာတွေ့ရပါတယ်။

LinkArchive link

Blended အမည်နဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်းထဲက ခြင်္သေ့နဲ့ ယူကျူ့မှာလည်း “Columbus the lion” လို့ရိုက်ရှာကြည့်မယ်ဆိုရင် သူ့ကို ဇာတ်ဝင်ခန်းအတွက် အသုံးပြုခဲ့တဲ့အကြောင်း ဖော်ပြခဲ့တဲ့ ဗွီဒီယိုဖိုင်ကိုအောက်ပါ လင့်တွေမှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ကအချက်အလက်တွေအရ MMcities စာမျက်နှာနဲ့ Sai Tin အမည်နဲ့အကောင့်ကပြန်လည်မျှဝေထားတဲ့ wizardrymedia1.blogspot.com ကရေးသားတဲ့ လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Avatar

Title:လူများမိမိအိမ်အတွင်းတွင်သာနေထိုင်ရန် ကျားနှင့်ခြင်္သေ့အကောင် ၈၀၀ အား မြို့များသို့စေလွှတ်ခဲ့တဲ့ရုရှားတယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *