
“တတိယမြောက် လူနာဆိုတဲ့သူက ၂၀ ရက်ကတည်းက စဖျားပြီး ၂၁ ရန်ကုန်ရောက်တာ quarantine မမိဘဲ အင်းစိန်အိမ်ရောက်ပြီး သေတောင် quarantine မဝင်ဘူးလို့ post တင်လိုက်သေးတယ်၊ ပြန်မလာခင်လဲ လိုင်းပေါ်ကနေ စိတ်ပူနေတဲ့ မြန်မာပြည်သူတွေကို လလလလ တွေ ဆဲထားသေးတယ်…. ခု ၂၁ကနေ ၂၃ ကြား ဒင်းရောဂါ ဘယ်လောက်ဖြန့်ပြီးသွားပြီလဲ တွေးပြီး ဒေါသအလိပ်လိုက် ထွက်နေတယ် ဒီကောင် ဘာကြောင့် quarantine မမိဘဲ ဒီလိုလုပ်လို့ ရခဲ့တာလဲဆိုတော့ လေဆိပ်ကလူတွေ တာဝန်မကျေလို့ ပြောရရင် အစိုးရ အသုံးမကျလို့ဘဲ….. အခုတော့ ဒင်းက ပထမအကောင့်ဖျက်သွားတဲ့အပြင် နောက်အကောင့်မှာလည်း ရေးထားတာတွေအကုန်ဖျက်သွားပြီ Credit – Ko Shwe Htoo” ဆိုတဲ့ ပို့စ်တွေ လူမှုကွန်ယက်မှာ မျှဝေနေတာတွေ့ရပါတယ်။

ခရက်ဒစ်ပေးထားတဲ့အထဲမှာပါတဲ့ Ko Shwe Htoo ဆိုတဲ့အကောင့်ကိုတော့ ရှာဖွေမတွေ့ပါဘူး။
ဒီလိုပဲ အခြားသောစာမျက်နှာတွေနဲ့ လူမှုကွန်ယက်အကောင့်တွေမှာလည်း မျှဝေခဲ့တာတွေ့ရပါတယ်။

July Moe အမည်နဲ့အကောင့်က မျှဝေထားတာကို အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
အချက်အလက်စိစစ်ချက်
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အင်းစိန်အမှတ်(၂) ကိုယ်စားလှယ် ဉီးဝေဖြိုးဟန်က “အင်းစိန်မှာယနေ့ ဗိုင်းရပ်စ် Positive တွေ့တဲ့သူဆိုပြီး ဖော်ပြပါ ပုံများထဲက ပုဂ္ဂိုလ်များကို ပြောဆို ရေးသား နေကြခြင်းသည် သတင်းအမှားများသာဖြစ်ပါသည်”လို့ လူမှုကွန်ယက်မှာ ပြန်လည်ရှင်းလင်းထားပါတယ်။

မတ် ၂၄ ရက်ညပိုင်းက စတင်ပြန့်နှံ့လာတဲ့ လူမှုကွန်ယက်မှာ ၁၄ ရက်စောင့်ကြည်ခံရတာမျိုးမလုပ်နိုင်ဘူးလို့ ပြောတယ်ဆိုသူ Arth Kelvin ရဲ့ရေးသားချက်တွေ လူမှုကွန်ယက်မှာ မျှဝေသူရဲ့ရိုက်ထားတဲ့ screenshot အရ ဒီအကောင့်ပိုင်ရှင်ဟာ မတ် ၂၄ ရက်ညနေပိုင်းမှာ ထိုင်းနိုင်ငံက နေပြန်လာသူဖြစ်ပါတယ်။

ပထမက ထင်တားတဲ့အချက်အလက်တွေဟာမှားပြီး တတိယမြောက် covid-19 လူနာနဲ့မဆိုင်ဘူးလို့လည်း “Myo Thet Naing” အမည်နဲ့အကောင့်က ပြန်လည်ရှင်းလင်းထားပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ် ၂၅ ရက် မနက် ၁ နာရီအချိန်ထုတ်ပြန်ချက်အရ ပိုးတွေ့သူလူနာဟာ အင်္ဂလန်မှ (၂၁-၃-၂၀၂၀)ရက်နေ့တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်ကနေ လေကြောင်းခရီးနဲ့ ဝင်ရောက်ခဲ့သူပြီး ကိုယ်ပူဖျားခြင်း၊ချောင်းဆိုးလက္ခဏာများနဲ့ မတ် ၂၃ ရက်မှာ အင်းစိန်ပြည်သူ့ဆေးရုံစောင့်ကြည့်လူနာခန်းမျာ သီးသန့်ထားစောင့်ကြည်နေသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ Arth Kelvin ဆိုတဲ့အကောင့်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ် ၂၅ ရက် မနက် ၁ နာရီအချိန်ထုတ်ပြန်ချက်အရ ပိုးတွေ့သူလူနာမဟုတ်ဘဲ သတင်းမှားသာဖြစ်ပါတယ်။

Title:Arth Kelvin အကောင့်ကို အင်းစိန်က covid-19 တတိယလူနာအဖြစ်ပြောနေကြတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False