
ဗစ်တိုးရီးယားမှုဟာ လူထုကြားမှာ ရေပန်းစားပြီး ဝိုင်းရံမှုအားကောင်းခဲ့တဲ့ သက်ငယ်မုဒိန်းမှုဖြစ်ပေမဲ့ တရားခံလို့ စွပ်စွဲဖမ်းဆီးခဲ့တဲ့ ကျောင်းကားမောင်းသူ ကိုအောင်ကြီးကို တရားရှင်လွှတ်ပေးအပြီးမှာ နောက်ထပ် တရားခံ မရှိတော့ဘဲ အမှုဟာ လိပ်ခဲတည်းလဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒီအမှုမှာ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ လုပ်စဉ်မှာ ဥပဒေအရ လျို့ဝှက်ထားရမယ့် ကလေးငယ်နဲ့ မိဘတွေရဲ့ ကိုယ်ရေးအ ချက်အလက်တွေကို ရဲတပ်ဖွဲ့အကြီးအကဲ တွေက အသေးစိတ် ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိကြီး ၃ ဉီးကို ရာထူးတိုးရပ်ဆိုင်းနဲ့ အရေးယူခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ “ဘာကြောင့်..Victoria..လေးရဲ့ အမှု့ နဲ့ ပါတ်သက်ပြီး..ရာထူး တိုးခြင်း ရပ်ဆိုင်း ဆိုတဲ့ အပြစ်သေးသေး လေးကို ပေးရတာလဲဆိုတာ သိချင်ရင်..ဖတ်ဖြစ်အောင် ဖတ်ကြည့်လိုက်ပါ….ဥပဒေကို ကျောသား နဲ့ ရင်သား ခွဲခြားတက်တဲ့ ပါတီကို.. ဘယ်လိုစိတ်ဓာတ်မျိုးနဲ့ မဲပေးရမှာလဲ”ဆိုပြီးတော့ “Thit Htun”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။

ပါတီတွင်းကန့်သတ်ဆိုပြီးတော့ ၂၀၁၉ ခုနှစ် ဇူလိုင် ၉ ရက်စွဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဉီးသန်းဌေးလက်မှတ်ရေးထိုးထားတဲ့ စာထဲမှာ အဓိကအားဖြင့် စွပ်စွဲခံရတဲ့ကလေးတွေရဲ့ မိဘတွေဟာ ပါတီဝင်ဖြစ်လို့ အကာအကွယ်ပေးဖို့လိုကြောင်းနဲ့ ပါတီကလူတွေက ဝိုင်းရံပြီး ဒီပြစ်မှုက အရမ်းကြီးတဲ့ ပြစ်မှုမဟုတ်ဘူးလို့ ထင်မြင်လာအောင် လှုံ့ဆော်ကြဖို့ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်ကို Fact Crescendo Myanmar က တယ်လီဖုန်းနဲ့ ဆက်သွယ်အတည်ပြုခဲ့ရာမှာ အောက်ပါအတိုင်း ပြောကြား ပါတယ်။
“အဲဒါမဟုတ်ပါဘူး။ နဂိုကတည်းက ကျွန်တော်ပြောထားတာ အဲဒါအတုကြီး”
၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာလည်း ဒေါက်တာ နန္ဒာလှမြင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ “Nandar Hla Myint” အမည်နဲ့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာလည်း အောက်ပါအတိုင်းရေးသားထားပါတယ်။
“အတုဖြစ်ပါတယ်။ နိုင်ငံရေးအရမိမိတို့ပါတီပုံရိပ်ထိခိုက်စေရန်အောက်တန်းကျစွာ ချိန်ကိုက်လုပ်ကြံခြင်း ဖြစ်ပါတယ်။ဥပဒေနှင့်အညီဖော်ထုတ်အရေးယူဆောင်ရွက်သွားပါမည်”ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်မှာပါ အချက်အလက်တွေအရ ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံရတဲ့ကလေးတွေရဲ့ မိဘတွေဟာ ပါတီဝင်ဖြစ်လို့ အကာအကွယ်ပေးဖို့လိုကြောင်းနဲ့ ပါတီကလူတွေက ဝိုင်းရံကြဖို့ဆိုပြီး ပါတီတွင်းကန့် သတ်ဆိုပြီးတော့ ၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက်စွဲနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဉီးသန်းဌေးလက်မှတ်ရေးထိုးထားတဲ့စာကို ရုံးစာအတုအဖြစ်သတ်မှတ်ပါတယ်။

Title:ဗစ်တိုးရီးယားအမှုမှာ စွပ်စွဲခံကလေးတွေဘက်က ရပ်တည်ဖို့ ပြည်ခိုင်ဖြိုး ဥက္ကဌ စာထုတ်ခဲ့တယ်ဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False