ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို Vivo ကုမ္ပဏီက ဖုန်းအလုံး ၂ သောင်းအခ မဲ့ပေးမယ်ဆိုတဲ့သတင်းမှား

False လူမှုရေး

COVID-19 ကာလမှာ ကျောင်းသားတွေနဲ့ အခြေခံအလုပ်သမားတွေကို ဖုန်းသစ်ကိုင်ဖူးတယ်ရှိအောင်လို့  Vivo ကုမ္ပဏီက ဖုန်းအလုံး ၃၂ သောင်းအခမဲ့ပေးမယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

“Khoon”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက“အခြေခံအလုပ်သမားများအတွက် vivo နောက်ဆုံးလက်ဆောင်ပေးခြင်း။ vivo ကုမ္ပဏီသည် ကပ်ရောဂါကာလကြောင့် လူအများအားဖုန်းအသစ် 20,000 ပေးရန်ပြင်ဆင်နေပါပြီ။ ကျောင်းသားများနဲ့အလုပ်သမားများအတွက် အခမဲ့ vivo ဖုန်းများ vivo ဖုန်းကိုအရယူရန် ဖော်ပြပါ group ကို join ပါ။https://www.facebook.com/groups/570624103438134/permalink/914909059009635/ ယခုပို့စ်ကို ဂရု ငါးခုမှာရှဲလ်ပြီး V ဆိုပြီးမှတ်ချက်ပေးပါ မှတ်ချက်ကဏ္ဍမှာ vivo ကသတိပြုမိစေဖို့ လိုပါတယ်။ ကံထူးသူ 20,000 ကို vivo page ကနေကြေညာပေးသွားပါမယ်”ဆိုပြီး “VIVO Smart Phone တွေကိုင်ကြမယ်”အမည်နဲ့ ဖေ့စ်ဘွတ်အုပ်စုထဲမှာ မျှဝေထားပါတယ်။ ပေးထားတဲ့ လင့်ခ်ကို နှိပ်လိုက်မယ်ဆိုရင် “VIVO Smart Phone တွေကိုင်ကြမယ်”ဆိုတဲ့ ဖေ့စ်ဘွတ်အုပ်စုကိုပဲ ပြန်ရောက်သွားတာတွေ့ရပါတယ်။

Fb linkArchive link

အချက်အလက်စိစစ်ချက်

ပထမဆုံး Vivo Myanmar ရဲ့တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာကို စိစစ်ရာမှာ ဒီလိုကြေညာချက်မျိုးတစ်စုံတစ်ရာ မတွေ့ရှိရပါဘူး။

Vivo ကုမ္ပဏီက ကပ်ရောဂါကာလကြောင့် ဖုန်းအသစ် အလုံး ၂ သောင်းပေးမယ်ဆိုတဲ့ အစီအစဉ်မျိုးရှိမရှိ Vivo ကုမ္ပဏီကို Fact Crescendo Myanmar က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကုမ္ပဏီတာဝန်ရှိသူက အောက်ပါအတိုင်းပြောကြားပါတယ်။

“အဲဒါတွေကို page အတုတွေပါ vivo နာမည်ကို ယူပြီးမှ  လုပ်တာ။ ကျောင်းသားကျောင်းသူတွေနဲ့ အလုပ်သမားတွေကို ပေးမယ်ဆိုတာလည်းမဟုတ်ပါဘူး။ အဲဒါအတုတွေ။ ကျွန်တော်တို့မလုပ်ဘူး။ သတင်းတုသတင်းမှားဖြစ်ကြေညာပေးတာကို ကြိုက်ပါတယ်။”လို့ Vivo ကုမ္ပဏီရဲ့ တာဝန်ရှိသူ ကိုတေဇာဖြိုး ဝေက ပြောပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ကျောင်းသားတွေနဲ့ အခြေခံအလုပ်သမားတွေကို Vivo ကုမ္ပဏီက ဖုန်းအလုံး ၂ သောင်းအခမဲ့ပေးမယ်ဆိုတဲ့ပို့စ်ဟာ အချက်အလက်အမှား အချက်အလက်အတုဖြစ်တာတွေ့ရပါတယ်။

Avatar

Title:ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို Vivo ကုမ္ပဏီက ဖုန်းအလုံး ၂ သောင်းအခ မဲ့ပေးမယ်ဆိုတဲ့သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *