
လူဉီးရေ ၁၈ သန်းကျော်ရှိပြီး တောင်အမေရိကမှာ လူဉီးရေအထူထပ်ဆုံးနဲ့ အကျယ်အဝန်းအားဖြင့် အသေးဆုံး နိုင်ငံငယ်ဖြစ်တဲ့ အီကွေဒေါနိုင်ငံဟာ ဧပြီ ၁၆ ရက်အထိ ရောဂါဖြစ်ပွားသူ ၇၈၅၈ ဦးရှိပြီးတော့ သေဆုံးသူ ၃၈၈ ဦးရှိဖြစ်တယ်လို့ worldmeter.info ကအချက်အလက်အရ သိရပါတယ်။
လူဉီးရေအချိုးအစားနဲ့ ယှဉ်ရင် ကူးစက်မှုနှုန်းမြင့်မားတဲ့ အီကွေဒေါနိုင်ငံရဲ့အခြေအနေဟာ လူမှုကွန်ယက်မှာ စိတ်ဝင်စားစရာတစ်ခုအဖြစ်ရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ “Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …။ ဒေသစံတော်ချိန် ၃ နာရီ မှာ Fail down လို့ ကြေငြာလိုက်ပါပြီ။ ပြည်သူတွေ လမ်းပေါ်မှာ အတုံးအရုံးသေ နေကြပြီး ၊ ရောဂါကူးစက်မှုကို ဘယ်လိုမှ မထိမ်းချုပ်နိုင်တော့ ပါဘူး”ဆိုပြီး ပို့စ်တစ်ခုကို Naylwin Soe အမည်နဲ့လူမှုကွန်ယက်သုံးစွဲသူက မျှဝေလာပါတယ်။

ဖေ့စ်ဘွတ်အုပ်စုတစ်ချို့မှာလည်း လူမှုကွန်ယက်သုံးစွဲသူအသီးသီးက မျှဝေထားပါတယ်။

လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ “မြန်မာ့ရှုခင်း”၊ “Dagon Exhibitions”စတဲ့စာမျက်နှာတွေကလည်း ထိုးနည်းတူစွာပဲမျှဝေလာပါတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ပထမဆုံး ဗွီဒီယိုကို အွန်လိုင်းမှာရရှိနိုင်တဲ့ InVID ဆိုတဲ့ သတင်းအမှားဆန်စစ်နိုင်တဲ့ဆော့ဖ်ဝဲလ်ကို သုံးပြီး ဓာတ်ပုံအဖြစ်ပြန်လည်ထုတ်ယူပြီကြည့်ရာမှာအောက်ပါအတိုင်းတွေ့ရပါတယ်။

ရရှိလာတဲ့ ပုံတွေကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရှာဖွေတဲ့အခါမှာ ဘီဘီစီသတင်းဌာနကလည်း အလားတူဖော်ပြခဲ့တာတွေ့ရပါတယ်။

ဗီဒီယိုကို ဧပြီ ၈ ရက်နေ့က loopsider ဆိုတဲ့သတင်းဌာနနဲ့ ဧပြီ ၁၀ ရက်နေ့မှာ Channel 4 News ဆိုတဲ့သတင်းဌာနတွေကလည်း တင်ဆက်ထားတာလည်းတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
Google မှာ အဓိကျတဲ့စကားလုံးတွေဖြစ်တဲ့ “ecuador declare fail down”လို့ ရိုက်ရှာကြည့်မယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။ နိုင်ငံတကာအထင်ကရ မီဒီယာကြီးတစ်ခုတစ်လေကမှ COVID-19 ကြောင့် နိုင်ငံပျက်သုဉ်းပြီလို့ ကြေညာဆိုတဲ့ သတင်းမျိုး ဖော်ပြထာမတွေ့ရပါဘူး။

အီကွေဒေါသမ္မတရဲ့ တွစ်တာအကောင့်မှာလည်း Fail down ကြေညာတယ်ဆို တာကို မတွေ့ရပါဘူး။ အောက်ပါလင့်ခ်မှာ ဝင်ကြည့်ရောက်ကြည့်ရှု့နိုင်ပါတယ်။
ဗီဒီယိုထဲမှာ ပါဝင်တဲ့ အီကွေဒေါနိုင်ငံရဲ့ Guayaquil မြို့လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။ Google မှာ “Guayaquil”လို့ရိုက်ရှာရာမှာလည်း အလောင်းတွေကို အပြင်ဘက်မှာ ထုတ်ထားရတယ်ဆိုတဲ့ သတင်းမျိုးပဲ တွေ့ရပြီး ကျန်းမာရေးစနစ်တစ်ခုလုံးထိန်းမနိုင်သိမ်းမနိုင်ဖြစ်တာမျိုး၊ နိုင်ငံအခြေအနေယိမ်းယိုင်တာမျိုး မီဒီယာတွေမှာဖော်ပြထားတာမတွေ့ရပါဘူး။

အခုလို ဗွီဒီယိုပျံ့နှံ့ခဲ့ပြီးနောက် Guayaquil မြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ တွေအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် သေဆုံးသူတွေကို အလောင်းကောက်ယူရေးအဖွဲ့တွေက ကောက်ယူ ဖို့နှေးကွေးခဲ့ပြီး လူသေ အလောင်းတွေဟာ ပလက်ဖောင်းတွေ လမ်းမတွေပေါ်မှာ ရက်အတော်ကြာထားခဲ့ရတဲ့အပေါ် သမ္မတ Lenin Moreno က စုံစမ်းစစ်ဆေးသွားမယ်လို့ပြောကြားခဲ့တာကို ရိုက်တာသတင်းဌာနက ဧပြီ ၈ ရက်မှာ ရေးသားခဲ့တာကို အောက်ပါလင့်ခ်မှ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အီကွေဒေါနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုကြောင့် နိုင်ငံအခြေ အနေယိမ်းယိုင်ပျက်ဆီးသွားတယ်ဆိုတဲ့ အခြေအနေမျိုးမတွေ့ရတဲ့အတွက် Covid-19 တိုက်ပွဲမှာ ပထမဆုံး အရှုံးပေးလိုက်တဲ့ နိုင်ငံ ကတော့ အီကွေဒေါ ဖြစ်ပါတယ် …။ ဒေသစံတော်ချိန် ၃ နာရီ မှာ Fail down လို့ ကြေငြာလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှားသာဖြစ်ပါတယ်။

Title:COVID-19 ကြောင့် အီကွေဒေါနိုင်ငံ ပျက်သုဉ်းပြီဆိုတဲ့သတင်းမှား
Fact Check By: Nayar MaungResult: Misleading