
COVID-19 တကျော့ပြန်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကူးစပ်ပျံ့နှံ့မှုအများဆုံးဖြစ်ခဲ့တဲ့ သင်္ဃန်းကျွန်မြိုနယ်မှာ ကူးစက်ခံရမှုအများစုဟာ Music Zone KTV နဲ့လည်း စပ်ဆပ်နေတာတွေ့ရပြီး အဲဒီအထဲမှာ လူနာအမှတ် ၁၀၆၁ ကတစ်ဆင့်နောက်ထပ် လူနာ ၈၀ ကျော်အထိ ကူးစက်ခဲ့ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ပို့စ်တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားမှာပျံ့နှံ့လျက်ရှိပါတယ်။

အလားတူပို့စ်မျိုးကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဒီလိုမျှဝေနေတာနဲ့ ပတ်သက်ပြီး ဓာတ်ပုံ မူရင်းပိုင်ရှင်က အောက်ပါအတိုင်း ပြန်လည်ရှင်းလင်းထားတာ တွေ့ရပါတယ်။ “#သတင်းအမှားပါ #တရားစွဲမှာပါ_၆၆ဃနဲ့_သတင်းအမှားကိုတင်တဲ့သူမှန်သမျှ ညီမပုံနဲ့ နာမည်ကို အလွဲသုံးစားလုပ်ပြီး ညီမ ဂုဏ်သိက္ခာကျအောင် တင်လိုက်တဲ့ post ပိုင်ရှင်မို့ အဲ့အကောင့်ပိုင်ရှင်ကို တရားစွဲမှာပါ အောက်မှာပြထားတဲ့ အကောင့်ပိုင်ရှင်များတင်ထားတဲ့ post ကို အခုစာမြင်တာနဲ့ ချက်ချင်းပြန်ဖျက်ပေးပါ အများကြီးမပြောချင်ဘူး ညီမဘယ်လိုရပ်တည်လဲ ဘယ်လိုလူမျိုးလဲဆိုတာ ညီမအသိုင်းအဝိုင်းအကုန်သိတယ် ညီမ မိသားစုတွေလဲ အရမ်းစိတ်ဆိုးနေကြပြီ ဒီပြသနာထဲ ညီမ မိသားစုဝင်တွေ ဝင်မပါခင် ဒီpostကို့ပြန်ဖျက်ပြီး ညီမ ဂုဏ်သိက္ခာအတွက် တခုခုပြန်လုပ်ပေးပါ
အမတို့ အကိုတို့ အောက်တန်းကျသလို ညီမ အောက်တန်းမကျတတ်တာမို့ ညီမကိုနာမည်ဖျက်ပြီးတင်ထားတဲ့ အမတို့ အကိုတိူ့ရဲ့ post ကို ပြန်ဖျက်ပေးပါ သားသမီးချင်း နှမသားချင်း ကိုယ်ချင်းစာပါ ရှင့်တို့ရဲ့ သွေးသား သားသမီးတွေ တူ တူမတွေ ညီကိုမောင်နှမတွေ ကျမလိုအတင်ခံရရင် ရှင်တို့ ဒီလိုနေမလား လူဖြစ်ပြီး စာနာစိတ်ထားကြပါ ရှင်တို့အရှုပ်တွေထဲ ကျမကို လာဆွဲမထဲ့ကြပါနဲ့” ဆိုပြီးရေးသားထားပါတယ်။
အလားတူ case 1061 ဖြင့် အတည်ပြုလူနာသည် အသက် ၃၂ နှစ်ဖြစ်ပြီး accountant ဖြစ်ပြီး သူမက အသက် ၂၁ နှစ်အရွယ်ဖြစ်တယ်လို့လည်း ထပ်မံ ပြန်လည်ရှင်းလင်းထားပါတယ်။
အခြားသောကောင်မလေး ၂ ယောက်ဓာတ်ပုံဟာလည်း အင်တာနက်မှာ ဇွန်လလယ်ပိုင်းကတည်းက ပျံ့နှံ့နေတဲ့ပုံဖြစ်တာတွေ့ရပါတယ်။ ဒီဓာတ်ပုံထဲမှာပါတဲ့ အမျိုးသမီးငယ် ၂ ဦးဟ ktv နဲ့ဆက်စပ်ခြင်းရှိမရှိ အထောက်အထားမတွေ့ရှိရပေမဲ့ ဒီပုံကို အသုံးပြုရေးသားခဲ့တဲ့ ပို့စ်ဟာ စင်တင်က အမျိုးသမီးကလေးနဲ့ အိပ်မက်အကြောင်းဟာသအမြင်နဲ့ရေးသားထားတဲ့ ပို့စ်တစ်ခုမှာ သုံးစွဲထားတာတွေ့ရပါတယ်။ ဒီလိုရေး သားမျှဝေခဲ့တဲ့ ပို့စ်တွေမှာ အခြားသော ပုံမျိုးစုံနဲ့ အသုံးပြုမျှဝေထားတာတွေ့ရပါတယ်။
ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်လက်တွေအရ Music Zone က case 1061 အဖြစ်ဖော်ပြနေတဲ့ အမျိုးသမီးငယ်ဓာတ်ပုံနဲ့ ပို့စ် တစ်ခု လူမှုကွန်ယက် အသုံးပြုသူတွေကြားပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို အချက်အလက်မှားအဖြစ် သတ်မှတ်ပါတယ်။

Title:Music Zone က Case နံပါတ် 1061 အဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံအမှား
Fact Check By: Nayar MaungResult: Misleading