Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား

လူမှုရေး

COVID-19 ပြန်လည်ဖြစ်ပွားလာမှုမှာ ရန်ကုန်တိုင်းအတွင်း စံချိန်ကူးစပ်ပျံ့နှံ့မှုအများဆုံးကို ဖြစ်ပေါ်စေတဲ့ သင်္ဃန်းကျွန်မြိုနယ်ရှိ Music Zone KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ သတင်းဟာ ဖေ့စ်ဘွတ်လူမှုကွန်ယက်တွင် ပြန့်နှံ့နေတာတွေ့ရပါတယ်။

“Music Zoneကို လာခဲ့ပြီး သတင်းမပို့သူများ CCTVမှတ်တမ်းဖြင့် ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိ”လို့ရေးသားထားတဲ့ ပို့စ်ကို Kyaw Swar Myintအမည်ရှိတဲ့ ဖေ့စ်ဘွတ်အသုံးပြုတစ်ဦးကတင်ထားပြီး ဒီပို့စ်ကိုပဲ ပြန်လည်မျှဝေသူပေါင်း ငါးထောင့် ငါးရာကျော်ရှိခဲ့ပါတယ်။

FB LinkAchive Link

အချက်အလက်စိစစ်ချက်

သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်နိုင်တင်းရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်တစ်ဦးလည်း ဖြစ်ပြီး မြိုံနယ်အတွင်း ကိုဗစ်နိုင်တင်းရောဂါဖြစ်ပွားမှု အခြေနေသတင်းတွေကို ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပုံမှန်တင်ပေးနေသူ ဒေါက်တာကျော်စွာဦးရဲ့ ဖေ့စ်ဘွတ်ခ်အကောက်မှာတော့ အထက်ပါသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာရေးသားထားတာမတွေ့ရပါဘူး။

ဒီသတင်းနဲ့ပတ်သက်ပြီး Factcrescendo Myanmarက ဒေါက်တာကျော်စွာဦးကို ဆက်သွယ်မေးမြန်းရာမှာတော့ “ဒီလိုရေးထားတာတွေတော့ ကျွန်တော်လည်းတွေ့ရပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ဆီကို ဒီလိုညွှန်ကြားချက်မျိုး ရောက်မလာသေးပါဘူး၊ သတင်းကတော့ ချင့်ချိန်ရမှာပဲ၊ ဘာပဲဖြစ်ဖြစ်ဗျာ ရောဂါလက္ခဏာတစ်ခုခုပြရင်တော့ ကျွန်တော်တို့ဆီကို သတင်းပို့ သင့်ပါတယ်။”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင်အစိုးရရဲ့ ကိုဗစ်နိုင်တင်းနဲ့ပတ်သက်တဲ့အမိန့်၊ ညွှန်ကြားချက်များကိုပြန်ကြည့်လျင်လည်း အထက်ပါပို့စ်လို ပြုလုပ်ဖို့ညွှန်ကြားထားတာ မတွေ့ရပဲ စက်တင်ဘာလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အစိုးရရဲ့ နောက်ဆုံး ကြေငြာချက်မှာလည်း ကျန်းမာရေးကိစ္စနဲ့ အရေးပေါ်ကိစ္စမရှိပဲ မလိုအပ်တဲ့ ပြည်တွင်းခရီးသွားလာတာ မလုပ်ဖို့ကိုသာ ညွှန်ကြားထားတာတွေ့ရပါတယ်။အောက့်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

MOI Link

သုံးသပ်ချက်

အထက်ပါအချက်လက်တွေအရ KTVကို သွားလာခဲ့ပြီး သက်ဆိုင်ကျန်းမာရေးဌာနဆီ သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာဖွေဖော်ထုတ်သွားမယ်ဆိုတဲ့ အထောက်ထားမျိုး ကြေငြာတာမျိုးမတွေ့ရသလို မြို့နယ် ကိုဗစ်နိုင်တင်းကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါက်တာကျော်စွာဦးကလည်း အထက်က ညွှန်ကြားတားမျိုး မရှိသေးကြောင်း ပြောဆိုတာတွေ့ရပါတယ်။

Title:Music Zoneကို လာခဲ့ပြီး သတင်းမပို့သူတွေကို CCTVမှတ်တမ်းနဲ့ ရှာမယ်ဆိုတာ ဟုတ်ပါသလား။

Fact Check By: Lynn Yu 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *