ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

Coronavirus False နိုင်ငံတကာ၊ | International လူမှုရေး၊

COVID-19 ရောဂါဟာ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါဆိုးတစ်ခုအဖြစ် ကမ္ဘာ့ကျန်မားရေးအဖွဲ့က မတ် ၁၁ ရက်မှာပဲ ကြေညာခဲ့ပြီး ဧပြီ ၁၇ ရက်အထိ ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူ နှစ်သန်းကျော်နဲ့ ဒီရောဂါနဲ့သေဆုံးသူ ၁၄၀၀၀၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ ဒီအထဲမှာ လူနာတွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့ဆက်ဆံနေရတဲ့ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေလည်း အပါအဝင်ဖြစ်ပြီး အများအကျိုးအတွက် သူတို့ရဲ့ ဘဝတွေကို စတေးထားကြရပါတယ်။

ဒီလိုအခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာ သာမန်ထက် ပင်ပန်းပြီး သာမန်အလုပ်ချိန်ထက်ပိုမိုတဲ့ အလုပ်ဖိအားနဲ့လည်းရင်ဆိုင်နေကြရတာမို့ ကမ္ဘာတစ်လွှာမှာ သူတို့ကို လေးစားချစ်ခင်ကြ၊ အားပေးကြ၊ ချီးမွှမ်းကြပါတယ်။ ဒီလိုပဲ “Kyaw Htun” အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “Today News MM” စာမျက်နှာက ပို့စ်ကို “မြန်မာ့ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ မျှဝေထားတာတွေ့ရပါတယ်။ 

“သူတို့လေး တွေအရမ်းပင်ပမ်းနေကြပြီ ဒါပေမယ့် သူတို့ အပြုံးမပျက်ကြဘူး ကိုဗစ်ကိုတိုက်ထုတ်နေကြ တဲ့ကျန်းမာရေးဝန်ထမ်းအားလုံးကို သူရဲကောင်းအဖြစ်အသိမှတ်ပြုရင်း လေးစားလျက်ပါ” ဆိုပြီးတော့ “Today News MM”ကရေးသားထားပါတယ်။

Fb linkFb link
Archive linkArchive link

အချက်အလက်စိစစ်ချက်

ဓာတ်ပုံတွေထဲက ပထမဆုံးဓာတ်ပုံကို Google မှာပုံပြောင်းပြန်ရှာနည်းအသုံးပြုရှာကြည့်တဲ့အခါမှာ အောက်ပါ အတိုင်းတွေ့ရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ပင်ပန်းနွမ်းနယ်စရာကောင်းတဲ့ ခွဲစိပ်မှု ၅ ခုလုပ်ပေးအပြီးမှာ Luo Heng အမည်ရတဲ့ ဒေါက်တာဟာ ပင်းပန်းလွန်းတဲ့အတွက် ကြမ်းပြင်ပေါ်မှာပဲ အိပ်ပျော်သွားခဲ့တဲ့ပုံပဲဖြစ်ပါတယ်။ ဒီဓာတ်ပုံ ကိုကြည့်ပြီးတော့ သူ့ကို တရုတ်လူမှုကွန်ယက်သုံးစွဲသူတွေက ချီးကျူးကြတဲ့အကြောင်းကို Daily Mail သတင်းတစ်ခုမှာရေးသားထားတာကို အောက်လင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Daily MailArchive link

ဒီလိုပဲ တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ CNGT သတင်းဌာနက ရေးသားထားတာကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ် မတ် ၃၀ ရက်က ရိုက်ကူးခဲ့တဲ့ ပုံလို့ သိရပြီး အွမ်ဟွေခရိုင် dingyuan ကျေးလက်က ဆေးရုံမှာခွဲစိတ်မှုနှစ်ခုအတွက် ညပိုင်းမှာ အချိန်ပိုလုပ်ခဲ့ရကြီး နောက်နေ့မှာ  နောက်ထပ် ခွဲစိတ်မှုသုံးခု ထပ်မံ ဆောင်ရွက်ခဲ့ပါတယ်။ ၂၈ နာရီလောက် ဆက်တိုက်အလုပ်လုပ်ပြီးတဲ့နောက် ရာသီဉတုက ကောင်းပေမဲ့ အရမ်းပင်ပန်းတဲ့အတွက် ကြမ်းပြင်ပေါ်မှာ တစ်ရေးအိပ်လိုက်တာလို့လည်း CNGT သတင်းမှာရေးသားထားတာတွေ့ရပါတယ်။အောက်ပါလင့်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

CNGTArchive link

သုံးသက်ချက်

အထက်ပါအချက်အလက်တွေအရ ဆေးရုံးကြမ်းခင်းပေါ်မှာပဲ အိပ်ပျော်သွားတဲ့ ခွဲစိပ်မှု ၅ ခုလုပ်ပြီး ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတဲ့ ဆရာဝန်ဟာ ၂၀၁၇ ခုနှစ်ကပုံပြီး လက်ရှိ COVID-19 ဖြစ်စဉ်နဲ့သက်ဆိုင်ခြင်းမရှိတာတွေ့ရသလို ဓာတ်ပုံဟာ တရုတ်နိုင်ငံ အွမ်ဟွေခရိုင်က နယ်ဆေးရုံတစ်ရုံက ပုံဖြစ်ပါတယ်။

Avatar

Title:ဆေးရုံကြမ်းခင်းပေါ်မှာ အိပ်ပျော်သွားတဲ့ ဆရာဝန်က လက်ရှိ COVID-19 နဲ့ ပတ်သက်ခြင်းမရှိ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *