ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမှတ်တံဆိပ်တွေ ဝတ်ဆင်ထားသူ အများစုပါဝင်တဲ့ လူအုပ်စုကို ပိုက်ဆံပေးနေတဲ့ဗွီဒီယိုနဲ့ ဓာတ်ပုံတွေနဲ့အတူ မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးပြီး မဲဆွယ်နေတယ်လို့ ရေးသားပြီး လူမှုကွန်ယက်မှာ ဖြန့်ဝေလျက်ရှိတာတွေ့ရပါတယ်။

အခုလို ပျံ့နှံ့လျက်ရှိတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လက်ရှိပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနဲ့ ပါတီတာဝန်ရှိသူတွေက ငြင်းဆိုထားတာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။

နားလည်မှုလွဲမှားစေနိုင်တဲ့အရေးအသားနဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူရေးသား မျှဝေချက်နဲ့ ဗွီဒီယိုတွေကို ဒီနေရာဒီနေရာ နဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် - Fb link | Archive link

အချက်အလက်စိစစ်ချက်

ပေးခဲ့တဲ့ပိုက်ဆံဟာ ဗိုလ်ချုပ်ပုံပါ အသစ်ထွက် ကျပ် ၅၀၀ တန်တွေဖြစ်ပြီး အမှတ်တရအနေနဲ့ ပေးခဲ့တာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက One News ကို ပြန်လည်ဖြေရှင်းထား တာတွေ့ရပါတယ်။

“ကျွန်တော်တို့က အဲ့တာက သူတို့အခု အပြန်မှာ အသရေဖျက်တယ်လို့ စွပ်စွဲတာကတော့ တစ်ဖက်က နေလည်း ပြောတာတွေ ရှိမှာပေါ့။ ကျွန်တော်တို့က အဲ့တာက ဗိုလ်ချုပ်ပိုက်ဆံတွေ ပေါ်နေတာ ရှိတယ်။ ကျပ် (၅၀၀) တန်လေးတွေ။ ကျွန်တော်တို့က ကျောင်းသားလေးတွေ တချို့ကျေးရွာတွေမှာ ရှိတဲ့ အမိ အဖတွေ မမြင်ဖူးကြ သေးဘူးဗျာ။ အဲ့တာတွေက သွားရင်းလာရင်း ကြုံတဲ့အခါမှာ သူတို့ရဲ့ လိုအင်ဆန္ဒ အရ သူတို့လိုလားတယ်ဆိုတဲ့ အတွက် ပေးတာ။ အမှတ်တရပေါ့။ သုံးဖို့စွဲဖို့လည်း မဟုတ်ဘူး။ ကျွန်တော် တို့က ပေးကတည်းက ဒါလေးတွေက အမှတ်တရဖြစ်ပါတယ်။ ကွမ်းစား ဆေးသောက်မလုပ်ပါနဲ့။ ဝယ် တာ ခြမ်းတာမလုပ်ပါနဲ့ ။ ဒါကို အမှတ်တရ သိမ်းထားပေးပါဆိုပြီးတော့ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံကို အမှတ်တရပေးခြင်း ဖြစ်ပါတယ်။ အမှတ်တရပါ့။ ဗိုလ်ချုပ်ပုံအနေနဲ့ ပေးတာ။ အခြား ငွေကြေးတစ်ခုနဲ့ မဲဆွယ်တာလည်း မဟုတ်ဘူး”

မူရင်းလင်ခ့် - One News | Archive link

အလားတူ ပဲခူးတိုင်းဝန်ကြီးချုပ်က ရေတာရှည်မြို့ဒေသခံများကို ပိုက်ဆံဝေပေးနေသော ဗွီဒီယိုင်ဖိုင်ဟာ ဗိုလ်ချုပ် ပုံအား ကလေးများသိစေရန် ဝေပေးခြင်းတယ်လို့ မြို့နယ်ပါတီဉက္ကဌကလည်း Eleven Media Group ကိုဖြေကြားထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် - Eleven Media

သုံးသပ်ချက်

ကျပ် ၅၀၀၀ တန်တွေပေးခဲ့တယ်လို့ ရေးသားထားပေမဲ့ မျှဝေလျက်ရှိတဲ့ ဗွီဒီယိုနဲ့ ဓာတ်ပုံတွေထဲမှာ ပိုက်ဆံဟာ ကျပ် ၅၀၀၀ တန်ဆိုပြီး တော့ ထင်ရှားရှင်းလင်းတဲ့ ရုပ်ကွက်မျိုးမတွေ့ရှိရဘဲ စွပ်စွဲခံရသူက မဟုတ်ကြောင်း ပြန်လည်ရှင်းလင်းထားတာတွေ့ရပါတယ်။

Avatar

Title:ပဲခူးမှာ ဝန်ကြီးချုပ် မဲပေးမယ့်သူတွေကို ကျပ် ၅၀၀၀ တန်တွေပေးခဲ့သလား

Fact Check By: Nayar Maung

Result: Misleading