ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာခဲ့သလား-မဟုတ်ပါ

Misleading လူမှုရေး

ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့တယ်ဆိုတဲ့ ပို့စ်တစ်ခုလူမှုကွန်ယက်သုံးစွဲသူတွေ အကြားမှာပျံ့နှံ့ခဲ့ပါတယ်။

“ကျေးဇူးသိတတ်လှတဲ့ ဂျပန်”စသည်ဖြင့်ခေါင်းစဉ်တပ်ထားပြီး ဂျပန်ဝန်ကြီးချုပ်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီး ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ) ဆိုပြီးတော့ ဂျပန်ဝန်ကြီးချုပ်ပုံနှင့်တကွ ရေးသားမျှဝေထားတာအောက်ပါအတိုင်းတွေ့ရ ပါတယ်။

Fb linkArchive link

အလားတူ ပို့စ်ကို ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဒီအချက်အလက်တွေဟာ ထင်ယောင်ထင်မှားဖြစ်စေပြီး မှားယွင်းနေတာတွေ့ရပါတယ်။  ယခုနှစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်ဝန်ကြီးချုပ် လာရောက်ခဲ့ခြင်းမရှိပါဘူး။ ြသဂုတ် ၂၄ ရက်ကနေ ၂၅ ရက်အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တာဟာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်တာတွေ့ရပါတယ်။ နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ 

အလားတူ “ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ အစိုးကို ဒေါ်လာ သန်း ၄၁၀ ပေးသွားပါတယ် (ချေးတာမဟုတ်ပါ)”ဆိုပြီးရေးသားထားတာတွေ့ရပါတယ်။ တကယ်တော့ ဂျပန်နိုင်ငံက ဒီအချက်အလက်ဟာလည်း မှားယွင်းတာတွေ့ရပါတယ်။ ကိုဗစ်ကြောင့်ဖြစ်ပေါ်တဲ့စီးပွားရေးကျဆင်းမှုကို ကုစားနိုင်ဖို့ ဂျပန်ယန်း ၃၀ ဘီလီယံ (အမေရိကန် ဒေါ်လာ သန်း ၂၈၀ ခန့်) တန်ဖိုးရှိတဲ့အကူအညီပေးရေး စာချွန်လွှာကို လက်မှတ်ရေးထိုးတဲ့အကြောင်းကို ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထား တာတွေ့ရပါတယ်။ ဒီအကူအညီဟာ အတိုးနှုန်း သုည ဒသမ ၀၁ ရာခိုင်နှုန်းနဲ့ ဆိုင်းငံကာလ ၁၀ နှစ်နဲ့ ပြန်ဆပ်ကာလ နှစ် ၄၀ သတ်မှတ်ထားတဲ့ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေဖြစ်တာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အလားတူ ကိုဗစ်-၁၉ ကြောင့် မြန်မာအစိုးရ၏ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ဂျပန်အစိုးရက ယန်း ၃၀ ဘီလီယံ အကူအညီပေးရန် ဆောင်ရွက်နေကြောင်း မြန် မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးပြောဆိုတဲ့သတင်းနဲ့ ဒေါ်လား သန်း ၃၀၀ ဝန်းကျင်ထုတ်ချေးတဲ့သတင်းကို အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link1Link2

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ကို ချေးငှားတာ မဟုတ်ဘဲပေးခဲ့တယ်ဆိုတဲ့အချက်ဟာ မှန်ကန်ခြင်းမရှိတာတွေ့ရပါတယ်။

Avatar

Title:ဂျပန်ဝန်ကြီးချုပ် မြန်မာနိုင်ငံလာပြီး ဒေါ်လာသန်း ၄၁၀ ပေးခဲ့သလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *