Fact Check: အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ

Misleading လူမှုရေး

ဗဟိုအလုပ်အမှူဆောင်အစည်းအဝေးကို သဘာပတိအဖွဲ့ဝင် ဦးဝင်းထိန်ကြီးကို ရုံးအဖွဲ့က ဖိတ်ကြားခဲ့ပေမဲ့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေးမတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ လူမှုကွန်ယက်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေထားပါတယ်။

ဒီဇင်ဘာ ၁၂ရက်နေ့က နေပြည်တော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးကို NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ တကယ်တမ်းသွား ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ်ဆိုပြီးတော့ မျှဝေနေတာဖြစ်ပါတယ်။

တကယ်တော့  ဒီလိုမျှဝေနေတဲ့ အချက်ဟာ သတင်းတု သတင်းမှားဖြစ်တာကို  Fact Crescendo Myanmar ကတွေ့ရပါတယ်။

 လူမှုကွန်ယက်အသုံးပြုသူတွေ နားလည်မှုလွဲမှားစေနိုင်တဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ အလားတူ ရေးသားမျှဝေထားတာ ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ 

“NLD – CEC ​ဆွေး​နွေးပွဲကအကွဲအပြဲ

========================

* ဒီ​နေ့ NLD -CEC ​ဆွေး​နွေးပွဲကို သဘာပတိအဖွဲ့ဝင်

၆ ဦးထဲမှာပါတဲ့ ဦးဝင်းထိန်ကြီးကို ပါတီရုံးချုပ်အဖွဲ့

​တွေက လာတက်​ပေးဖို့ ဖိတ်ကြားလိုက်တယ်လို့

သိရပါတယ်။

* ဦးဝင်းထိန်ကလည်း တုတ်​ကောက်က​လေး

တစ်​ထောက်​ထောက် ​ထော့နဲ့​ထော့နဲ့ နဲ့ သူသားကကူ

တွဲပြီး ကြိုးစားပမ်းစားလာခဲ့ရှာပါတယ်။

* ​နေပြည်​တော်၊ NLD ပါတီရုံးချုပ်ကို ဦးဝင်းထိန်

လည်း​ရောက်​ရော ​ဒေါက်​တာ​ဇော်မြင့်​မောင်က

ဆရာထိန်ကို ဖိတ်မထားပါဘူး၊ဘယ်သူဖိတ်လို့လဲ

ဆိုပြီး ​ထေ့သလို ​ငေါ့သလို၊​လှောင်သလို ရယ်သလို

​ပြောပါ​လေ​ရော။

* ဦးဝင်းထိန်လည်း ​အရှက်ကွဲတာ​ပေါ့။

လူကြီးရှက်​တော့လည်းရယ်တာ​ပေါ့။

ရယ်​ပေမယ့်လည်း အ​တော်ခံပြင်းစရာဖြစ်ရပ်ပါ။

* ဦးဝင်းထိန်လည်း ရှက်ရှက်နဲ့လှည့်ပြန်ခဲ့ရှာတယ်။

* ​သြော် ဒီလို​ကြေးလား ဆိုတာ သူ​ကောင်း​ကောင်း

သ​ဘော​ပေါက်သွားတယ်။

* အဟက​တော့ ​သေး​သေး​လေးထင်ရ​ပေမယ့်

အကွဲအပြဲက​တော့ မ​သေးဘူး​နော်။

* ဝင်းထိန် အဆိပ်ပြင်း သည်။

* ​တွေ့ကြ​သေးတာ​ပေါ့။”လို့ရေးသားပြီး “Ye Myo Sitt” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက မျှဝေထားပါ တယ်။(မူရင်းအရေးအသားအတိုင်း)

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

NLD ဗဟိုအလုပ်အမှုဆောင် အစည်းဝေးကို ဗဟိုကော်မတီ နာယကတဦးဖြစ်တဲ့ ဦးဝင်းထိန် တက်ရောက်ခွင့်မရ ဆိုတဲ့သတင်းဟာ သတင်းမှားဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး ကိုယ်တိုင်သတင်း ယူခဲ့တဲ့ VOM သတင်းထောက်ကို ကိုးကားပြီး အချက်အလက်စိစစ်ထားတာတွေ့ရပါတယ်။ ဒီအစည်းအဝေးမှာ ဦးဝင်းထိန် လာတက်တာမရှိသလို ဒေါက်တာဇော်မြင့်မောင်နဲ့ တွေ့ဆုံ ခဲ့ခြင်းမရှိကြောင်းလည်း ရေးသားထား တာတွေ့ ရပါတယ်။ အောက်ပါလင့်ခ်မှာ လေ့လာနိုင် ပါတယ်။ 

https://www.facebook.com/VoiceofMyanmarNews/posts/759516147983394

မူရင်းလင်ခ့် –  VOM  |  Archive link

လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဒီဇင်ဘာ ၁၂ရက်မှာ နေပြည်တော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ် အမှုဆောင်အစည်းဝေးတက်ရောက်ခဲ့သူ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် ဒေါက်တာ မျိုးညွှန့်ကို Fact Crescendo Myanmar  ဆက်သွယ်အတည်ပြုရာမှာလည်း အောက်ပါအတိုင်းပြောပါတယ်။

“အန်ကယ်ဦးဝင်းထိန်က အဲဒီမှာ ကျွန်တော်တို့ ထမင်းကျွေးဖို့ပြင်ထားလို့ ထမင်းလာစားတာ။ ထမင်းစားပြီးရင် သူက သွားဖို့ ခရီးစဉ်လည်းရှိတယ်။ ကျွန်တော်နဲ့အတူတည်းနေတာပါ။ အဲတော့ သူသွားရမယ်ကိစ္စကို သူဆက် သွားတာ။ ဖိတ်ကြားတာလည်းမဟုတ်ဘူး။ မတက်ရဘူးဆိုတာလည်း သိတယ်။ ဒါက ဗဟိုအလုပ်မှုဆောင် အစည်းအဝေး။ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးက ကျွန်တော်တို့ နာယကကြီး ဦးတင်ဦး ကျန်းမာစဉ်က လည်း မတက်ပါဘူး။ နာယကကြီးနဲ့ သဘာပတိကြီးက အဲဒီကတည်းကကို မတက်တာပါ။ ဆရာဇော်မြင့်မောင်နဲ့ လည်း တွေ့ဆုံခဲ့ခြင်းလည်းမရှိပါဘူး။ တမင်သက်သက် စိတ်ဝမ်းကွဲအောင် လုပ်ကြံရေးသား ထားတဲ့ သတင်းတု ပဲဖြစ်ပါတယ်။”

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ NLD နာယက ဦးဝင်းထိန်ကို အစည်းအဝေးတက်ဖို့ ဖိတ်ခဲ့ပေမဲ့ အစည်းအဝေး သွားတက်ချိန်မှာတော့ ဒုတိယဉက္ကဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစည်းအဝေး မတက်ဖို့ ပြောလွှတ်တယ် ဆိုပြီးတော့ရေးသားမျှဝေထားတာ သတင်းတုသတင်းမှားဖြစ်တာတွေ့ရပါတယ်။

Avatar

Title:အစည်းအဝေးလာတက်တဲ့ NLD နာယက ဦးဝင်းထိန် အစည်းအဝေးတက်ခွင့်မရဘဲ ပြန်လှည့်ခဲ့ရတယ်လို့ သတင်းမှားဖြန့်ဝေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *