
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က မဲပေးခွင့်ရှိသူ ၃၇ သန်းပဲရှိကြောင်း ထုတ်ပြန်ထားတဲ့ ပါတီတစ်ခု ထဲမဲအရေအတွက်က ၄၅ သန်းကျော်ရနေတာ မဲခိုးတဲ့အထောက်အထားဆိုပြီး မျှဝေနေတဲ့ သတင်းမှား လူမှု ကွန်ယက်မှာ မျှဝေလျက်ရှိပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်အများစုမှာ NLD ပါတီက မဲအရေအတွက် ၄၅ သန်းကျော်ရရှိထားပြီး USDP က မဲ ၅ သိန်း ၉ သောင်းကျော်ရရှိတယ်ဆိုတဲ့ screenshot ဓာတ်ပုံတစ်ခုနဲ့အတူ မဲပေးခွင့်ရှိသူပေါင်းက ၃၇ သန်းကျော်သာရှိပေမဲ့ မဲအရေအတွက် ၄၅ သန်းကျော်ရရှိတာဟာ မဲခိုးလိုသာဖြစ်တယ်ဆိုပြီးရေးသားမျှဝေနေတာဖြစ်ပါတယ်။
အခုလို မျှဝေပြောဆိုချက်ဟာ အမှန်ကန်တဲ့အချက်အလက်ဖြစ်တာ Fact Crescendo Myanmar ကတွေ့ရှိပါတယ်။ ဒီ screenshot မှာပါတဲ့ မဲရလာဒ်ဟာလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာထားတဲ့ မဲအရေအတွက် ရလာဒ်လည်းမဟုတ်ပါဘူး။
လူမှုကွန်ယက်အသုံးပြုသူတွေကို နားလည်မှုလွဲမှာစေနိုင်တဲ့အရေးအသားနဲ့အတူ အောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ပထမဆုံး မဲပေးခွင့်ရှိသူ ၃၇ သန်းထဲရှိချိန်မှာ ပါတီတစ်ခုဟာ ထိုမဲပေးခွင့်ရှိသူအရေအတွက်ထက် မဲပိုရနိုင်သလားဆိုတာ စိစစ်ကြည့်ရအောင်ပါ။ နေပြည်တော်ကောင်စီကလွဲလို ဆန္ဒမဲပေးခွင့်ရတဲ့သူတိုင်းဟာ တစ်ယောက်ကို မဲ ၃ မဲစီထည့်ရတာဖြစ်ပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တဲ့နယ်တွေမှာ လူတစ်ဦးလျှင် မဲ ၄ မဲ သို့မဟုတ် ထည့်ရပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်း
လေ့လာနိုင်ပါတယ်။
မူရင်းလင်ခ့် – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
အဲဒီအတွက် ပါတီတစ်ခုထဲ ရတဲ့ မဲရလာဒ်ဟာ မဲပေးခွင့်ရှိသူအရေအတွက်ထက် များပြားပြီးရနိုင်ပါတယ်။
နိုဝင်ဘာ ၈ ရက်ကပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမှာ စုစုပေါင်း မဲပေးခွင်ရှိသူ ၃၇သန်း ၂သိန်းရှိတဲ့အကြောင်း ပြောခဲ့သလို ရွေးကောက်မှာ မဲပေးခွင့်ရှိသူရဲ့ ၇၀ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့လည်း ခန့်မှန်းကြောင်း လည်းပြောခဲ့ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။
ထို့အပြင် ယခုscreenshot မှာဖော်ပြထားတဲ့ ရလာဒ်ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တရားဝင်ကြေညာပြီးဖြစ်တဲ့အချက်အလက်မျိုးမဟုတ်ဘဲ ywaymal.com ကမဲဆန္ဒရှင်တွေအတွက် live တင်ဆက်မှုအစီအစဉ်တစ်ခုဖြစ်တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ မဲပေးခွင့်ရှိသူ ၃၇ ကျော်ပဲရှိချိန်မှာ NLD ဟာ ၄၅ သန်းကျော်ရတာဟာ UEC နဲ့ပေါင်းပြီး မသမာမှုလုပ်တယ်ဆိုတဲ့ အချက်အလက်ဟာ နားလည်မှုလွဲမှားစေရန် လှည်စားထားတဲ့ အချက်အလက်ဖြစ်တာတွေ့ရပါတယ်။

Title:မဲပေးခွင့်ရှိသူ ၃၇ သန်းပဲရှိပေမဲ့ ပါတီတစ်ခုထဲမဲအရေအတွက်က ၄၅ သန်းကျော်ရနေတာ မဲခိုးတဲ့အထောက်အထားဆိုပြီး မျှဝေနေတဲ့ သတင်းမှား
Fact Check By: Nayar MaungResult: Misleading