Fact Check: ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

Coronavirus False လူမှုရေး

ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိရတယ်လို့ ဇန်နဝါရီ ၁၀ ရက်မွန်းလွဲပိုင်းမှာ လူမှုကွန်အသုံးပြု သူများအကြား စတင်ပျံ့နှံ့လာခဲ့တဲ့ ဒီသတင်းဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။

ဧရာဝတီစင်တာ(မန္တလေး)မှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းမှာ ရွှေမဟာနွယ် သွေးနှင့်ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်အကောင့်ကနေ အတည်မပြုနိုင်တဲ့ သတင်းစတင်ဖြန့်ဝေပြီး နောက်မှာ အခုလို ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိတ်အသစ်တွေ့တယ်ဆိုပြီးတော့ ထပ်မံပြန့်နှံ့လျက်ရှိတာ တွေ့ရပါတယ်။

လူမှုကွန်ယက်အသုံးပြုသူများအကြားပျံ့နှံ့ခဲ့သောပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာတွေမှာလည်း မျှဝေထားပါတယ်။

“ကိုဗစ်မျိုးစိတ်ကွဲ ဧရာဝတီတိုင်းတွင် စတင်တွေ့ရှိပါပြီလို့သိရပါတယ်.. အလွန်ကူးစက်မြန်ပါတယ်.. သတိထားကြပါ GSL ”လို့ရေးသားပြီး “Aung Naing Htwe” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၁၀ ရက်နေ့လည်ပိုင်းမှာ ထပ်မံ မျှဝေခဲ့ပါတယ်။

မူရင်းလင်ခ့် –  Fb link  |  Archive link

အချက်အလက်စိစစ်ချက်

ကိုရိုနာဗိုင်းရပ်စ်မျိုးစိပ်အသစ် တွေ့ရှိရတယ်ဆိုတဲ့ ပို့စ်တွေတက်လာပြီးနောက်မှာ ဗဟိုကူးရောဂါ တိုက်ဖျက် ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက လက်ရှိအချိန်အထိ ဗီဇပြောင်းပိုးသစ်မတွေ့ရ သေးပါဘူး၊ ပျံ့နှံ့လျက်ရှိတဲ့ သတင်းမှားတွေကို မယုံကြည်ကြဖို့ တိုက်တွန်းထားတဲ့ ပို့စ်ကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက တစ်ဆင့်အသိပေးခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် –  Dr. Khin Khin Gyi |  Archive link

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ တရားဝင်ထုတ်ပြန်ချက်တွေနှင့် သတင်းဌာနတွေမှာလည်း ကိုဗစ်နိုင်တင်း ဗိုင်းရပ်စ်ပိုးသစ်တွေ့ရတယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးမတွေ့ရပါဘူး။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ဧရာဝတီတိုင်းမှာ ကိုဗစ်နိုင်တင်းဗိုင်းရပ်စ်မျိုးစိပ်အသစ်တွေ့ရတယ်၊ ဧရာဝတီစင် တာမှာ ဗိုင်းရပ်စ်မျိုးစိပ်အသစ်တွေ့ရတယ်ဆိုပြီး မျှဝေနေကြတာတွေဟာ အထောက်အထားမရှိတဲ့ သတင်းမှား မျှဝေနေခြင်းဖြစ်ပါတယ်။ ဗိုင်းရပ်စ်မျိုးစိပ်အသစ်ဟုတ်မဟုတ်ဟာ ဓာတ်ခွဲခန်းမှာ ဓာတ်ခွဲအတည် ပြုပြီးမှာ သာသိရှိနိုင်မှာဖြစ်ပါတယ်။

Avatar

Title:ဧရာဝတီတိုင်းမှာ ကိုဗစ်မျိုးစိပ်အသစ်တွေ့ရှိတယ်ဆိုတာ မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *