တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

False လူမှုရေး

ချင်းပြည်နယ်မှာ ဖလမ်းမြို့မှာ မြန်မာနိုင်ငံအတွက် အနောက်ဘက်အကျဆုံးလေယာဉ်ကွင်းကို ယခုအစိုးရ လက်ထက်မှာ ဆောက်လုပ်လျက်ရှိပြီး ယခုနှစ်အတွင်းဖွင့်လှစ်နိုင်ဖို့ဆောင်ရွက်လျက်ရှိတာ တွေ့ရပါတယ်။ 

ဒီလိုအခြေအနေမျိုးမှာ  တောင်တန်းတွေပေါ်မှာ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတစ်ခုကို ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိပြီး လူမှုကွန်ယက်သုံးစွဲသူတွေအကြားမှာ ပျံ့နှံ့လျက်ရှိပြီး ဒီနေရာ ဒီနေရာနဲ့ ဒီနေရာတွေမှာ မျှဝေနေခဲ့ကြတာတွေ့ရပါတယ်။ ဒီလိုပဲ ဝက်ဘ်ဆိုဒ်တွေမှာ ချင်းပြည်နယ် ဖလမ်းလေယာဉ်ကွင်းအဖြစ် ဒီလင့်ခဒီလင့်ခ်တွေမှာ ဖော်ပြခဲ့တာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဒီပို့စ်တွေမှာပါတဲ့ တောင်တန်းတစ်ခုပေါ်က လေယာဉ်ကွင်းကို Google မှာ ပုံပြောင်းပြန်ရှာနည်းအသုံးပြုပြီး ရလာတဲ့ ရလာဒ်ထဲကမှ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်ကြား ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာအောက်ပါအတိုင်း တွေ့ရပါတယ်။

ဒီပုံကို တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ဒီဇင်ဘာလ ၆ ရက်က အစောဆုံးအသုံးပြုခဲ့တာတွေ့ရပြီး တရုတ်နိုင်ငံ Guangxi Zhuang ပြည်နယ်က ဟီချီ(Hechi)လေဆိပ် အကြောင်း ရေးသားတဲ့ သတင်းမှာ သုံးစွဲထားတာတွေ့ရပါတယ်။ အလားတူပဲ ဆင်ဟွာသတင်းဌာနကလည်း ဒီပုံကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်မှာ တောင်ထိပ်မှာဆောက်ထားတဲ့ Hechi လေဆိပ်ပုံဆိုပြီးတော့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ အောက်ပါလင့်ခ်တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ ဒီလိုပဲ ဒီပုံကို ၂၀၁၉ ခုနှစ်ထဲမှာ chinadaily ကဖော်ပြရာမှာ ၂၀၁၆ ခုနှစ်က Guangxi Zhuang ပြည်နယ် ဟီချီ လေယာဉ် ကွင်းအဖြစ်ဖော်ပြ ထားပါတယ်။

LinkLinkLink

ကမ္ဘာ့အန္တရာယ်အရှိဆုံး လေဆိပ် ၂၅ ခုအကြောင်း အင်္ဂလိပ်ဘာသာနဲ့ဖော်ပြတဲ့ ဆောင်းပါးတစ်ခုမှာလည်း ဒီဓာတ်ပုံကို တရုတ်နိုင်ငံက ဟီချီလေဆိပ်အဖြစ်ဖော်ပြထားတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

Link

တရုတ်ဘာသာနဲ့ရေးသားထားတဲ့ kknews.cc အမည်နဲ့ဝက်ဘ်ဆိုဒ်မှာ ၂၀၁၆ ခုနှစ်က ဖော်ပြခဲ့တဲ့ ဓာတ်ပုံနဲ့ ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်)လေဆိပ်အဖြစ် ဖော်ပြနေတဲ့ ပုံကို အောက်ပါအတိုင်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ချင်းပြည်နယ် ဖလမ်းမြို့မှာ ဆောက်နေတဲ့ ဖလမ်း(ဆူရ်ဘုန်)လေဆိပ် တည်ဆောက်‌ရေးလုပ်ငန်း အခြေအနေတွေ ကို ၂၀၂၀ ခုနှစ် ဇွန် ၁၄ ရက်က ချင်းပြည်နယ်ဝန်ကြီးချုပ် စစ်ဆေးခဲ့တဲ့ သတင်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား က တင်ဆက်ခဲ့တဲ့သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=RZC4fPTVJVM

ချင်းပြည်နယ် ဖလမ်းမြို့မှာ ဆောက်နေတဲ့ ဖလမ်း(ဆူရ်ဘုန်)ရဲ့ ၅ နှစ်မြောက် စီမံကိန်းကို အစိုးရက တင်ဒါခေါ် ယူထားတာကို ဒီလင့်ခ်မှာဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ ချင်းပြည်နယ် ဖလမ်းက လေယာဉ်ကွင်းအဖြစ်မျှဝေလျက်ရှိတဲ့ ဓာတ်ပုံဟာတရုတ်နိုင်ငံ Guangxiပြည်နယ်က ဟီချီ(Hechi)လေဆိပ်ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Avatar

Title:တရုတ်နိုင်ငံဟီချီမြို့ကလေယာဉ်ကွင်းကို ချင်းပြည်နယ် ဖလန်းမြို့က လေယာဉ်ကွင်း အဖြစ် မျှဝေနေ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *