ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

False နိုင်ငံတကာ၊ | International

ကိုဗစ်(COVID-19) ကပ်ရောဂါကနေ မကာကွယ်နိုင်လို့ဆိုပြီးတော့ အိန္ဒိယမှာ ဟိန္ဒူနတ်ဘုရားတွေကို လမ်းပေါ် လွှင့်ပစ်ကြတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ အများအပြားက မျှဝေလျက်ရှိပါတယ်။

သို့သော်လည်း ဓာတ်ပုံတွေဟာ ကိုဗစ်ကာလမတိုင်ခင်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာ တွေ့ပါတယ်။ ကိုဗစ်ကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို လမ်းပေါ်မှာ လွှင့်ပစ်တယ်ဆိုတဲ့ အထောက်အ ထားမျိုးလည်း သတင်းတွေမှာ မတွေ့ရပါဘူး။

“Hazy Linm”အမည်နဲ့ဖေ့စ်ဘွတ်အကောင့်က “India မှာ သန်းပေါင်းများစွာသော ဟိန္ဒူလူမျိုး ပြည်သူတွေဟာ သူတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားတွေဟာ သူတို့ကို Covid ကပ်ရောဂါ ဘေးကနေ မကယ်တင်နိုင်ဘူး၊ မစောင့်ရှောက်ဘူး လို့ပြောကာ သူတို့နေအိမ် ၊ဘုရားကျောင်းအစရှိတဲ့ နေရာက ရုပ်ထုတွေ အကုန်လုံးကို လမ်းပေါ်လွင့်ပစ်တာမျိုးတွေ ၊မြစ်ထဲ ချောင်းထဲကို မျှောပစ်တာမျိုးတွေ ပြုလုပ်နေကြတယ်တဲ့”စသည်ဖြင့် ရေးသားပြီးမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဓာတ်ပုံတွေကို ၂၀၁၉ ခုနှစ် အောက်တိုဘာကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။ ကိုဗစ်ကပ်ရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာမှာမှ စတင်ခဲ့တဲ့ရောဂါဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ပို့စ်ပါ ဒီဓာတ်ပုံနဲ့တူညီတဲ့ ဓာတ်ပုံကို မြတ်နိုးကိုကွယ်ရာများကို ဂင်္ဂါမြစ်အတွင်းရေမြောမှုရင် ဒဏ်ငွေ ရူပီ ငါးသောင်းတပ်မယ်လို့  အီကိုနောမစ်တိုင်းမ်သတင်းဌာနက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်က ရေးသားခဲ့တဲ့ သတင်းတစ်ပုဒ်မှာ အသုံးပြုထားတာတွေ့ရပါတယ်။ 

ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေထဲက အခြားသော ဓာတ်ပုံတစ်ခုကိုလည်း ၂၀၁၉ ခုနှစ် အောက်တိုဘာ ၃ ရက်က အိန္ဒိယတိုင်းမ်သတင်းဌာနက ရေးသားတဲ့ အလားတူသတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။ 

မူရင်းလင်ခ့် –  Economic TimesArchive link

အခြားဓာတ်ပုံတစ်ပုံကိုလည်း ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။ ဒီလိုအမိန့်ထုတ်ပြီးနောက်မှာတော့ လူတွေက လိုက်နာလာတဲ့အတွက် နတ်ဘုရားရုပ်တွေကို မြစ်ထဲမှာ မမျှော တော့ဘဲ မြစ်ကမ်းဘေးမှာပုံထားကြတဲ့ဗွီဒီယိုကို ဘာသာရေးမှိုင်းဆန်ဆန်ရေးသား shiawaves ကရေးသားခဲ့တာဖြစ်တယ်လို့ အခြားအချက် အလက်စိစစ်တဲ့ အဖွဲ့အစည်းတစ်ခုက အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ တွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ကိုဗစ်ရောဂါကနေ မကာကွယ်နိုင်လို့ ကိုးကွယ်ထားတဲ့ နတ်ဘုရားတွေကို ဟိန္ဒူတွေက လမ်းပေါ်မှာလွှင့်ပစ်ထားတယ်ဆိုတဲ့အချက်အလက်ဟာ မှားယွင်းပြီး ဓာတ်ပုံတွေဟာလည်း ကိုဗစ်မတိုင်ခင်ကတည်းက အင်တာနက်မှာပျံ့နှံ့ခဲ့ပြီးဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:ကိုဗစ်က ကာကွယ်မပေးနိုင်လို့ ဟိန္ဒူဘုရားတွေလမ်းပေါ်မှာလွှင့်ပစ်ထား တယ်ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *