Fact Check: ၂၀၁၉ ခုနှစ်က မန္တလေး-ပုဂံ အမြန်ရထား စက်ခေါင်းလမ်း ချော်တိမ်းမှောက်မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Misleading လူမှုရေး

မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 ဟာ ယမန်နေ့က တိမ်းမှောက်ခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ တယ်ဆိုတဲ့သတင်းတစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက်ရှိပါတယ်။

 ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ မီးရထားစက်ခေါင်းလမ်းချော်နေပုံတွေနဲ့ “ယမန်နေ့ညက မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 နွားထိုးကြီးမြို့မရဲစခန်း၏ အရှေ့ဘက် ၅ မိုင်ခန့်အကွာ  ငှက်ပျောအိုင်ကျေးရွာအနီး မြောက်ဖက် တံတားအဝင် မတိုင်မီ မီးရထားမိုင်တိုင်အမှတ် (၃၉၈/၂၀/၂၂) ကြားမှာ နံနက် ၂ နာရီ ၅၅  မိနစ် အချိန်တွင် စက်ခေါင်းခန်း လမ်းချော်သွားခဲ့ပါသည်”စသည်ဖြင့် အစချီရေးသားထားပြီး ရထားစက်ခေါင်းချော်မှု ကြောင့် ခရီးသည်တွဲများမထိခိုက်စေရေးအတွက် ရထားခေါင်းတွဲနဲ့ ခရီးသည်စီးတွဲတွေ တိမ်းမှောက်မဖြစ်စေရန် သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားခဲ့တဲ့  လက်ထောက်စက်ခေါင်းမောင်းကိုကျော်ကျော်ဦးအကြောင်း လည်းပါဝင် ပါတယ်။

သို့သော်လည်း ဒီဖြစ်စဉ်ဟာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်က ဖြစ်ခဲ့တဲ့ ရထားတိမ်းမှောက်မှုဖြစ်စဉ်ဖြစ်ပြီး လက်ရှိဖြစ်စဉ်မဟုတ်တာကို Fact Crescendo Myanmar ကတွေ့ရှိရပါတယ်။ အချို့သော လူမှုကွန်ယက် အသုံးပြုသူတွေကလည်း ၂၀၁၉ ခုနှစ်က ဖြစ်စဉ်ကို ပြန်လည်မျှဝေခြင်းဖြစ်တယ်လို့ လည်းရေးသားထားတာ တွေ့ရပါတယ်။ 

နားလည်မှုလွဲစေနိုင်တဲ့ အရေးအသားနဲ့ အလားသဏ္ဌာန်တူ ပို့စ်ကို လူမှုကွန်ယက်အသုံးပြုသူတွေက ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာ တွေမှာမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link

အချက်အလက်စိစစ်ချက်

Google မှာ ပုံရှာနည်းနဲ့ အဓိကကျတဲ့ စကားလုံးတွေအသုံးပြုပြီးရှာဖွေရာမှာ ပို့စ်ပါစာသားတွေနဲ့ ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်အောက်တိုဘာ ၂၀ ရက်က ဖြစ်စဉ်ကို ပြန်လည်မျှဝေခြင်းဖြစ်တာတွေ့ရပါတယ်။ 

“အောက်တိုဘာ (၂၀)ရက် မနက် (၁၂)နာရီခွဲဝန်းကျင် ပုဂံမီးရထားလမ်း မိုင်တိုင်(၃၉၈)(၂၀-၂၁) ကြားမှာ ဖြစ်ပွား ခဲ့တာပါ။  မတော်တဆမှုဖြစ်ပွားခဲ့တဲ့ စက်ခေါင်းအမှတ်ဟာ DD  1214  ဖြစ်ပြီမန္တလေး-ပုဂံ ပြေးဆွဲပေး နေသည့် အမှတ်(၁၂၀ – အစုန်) ခရီးသည်တင် အမြန်ရထားတစ်စီး အောက်တိုဘာ ၁၉ ရက်ညပိုင်းက ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြား မိုင်တိုင်အမှတ် ၃၉၈/၂၀၊ ၂၂ ကြားတွင် ရထားစက်ခေါင်း လမ်းချော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်”လို့ mdnnews မှာ ယခု ပျံ့နှံ့လျက်ရှိတဲ့ ဓာတ်ပုံများနှင့်တကွ ဖော်ပြထားပါတယ်။ ဒီလင့်ခ်မှာလည်း ဖတ်ရှု့နိုင်ပါတယ်။

မူရင်းလင့်ခ် –  mdnnews  |  Archive link 

မြန်မာ့ရုပ်မြင်သံကြားကလည်း“ဝက်လူးဘူတာနှင့် နွားထိုးကြီးဘူတာအကြား မီးရထားစက်ခေါင်း လမ်းချော် တိမ်းမှောက်မှုဖြစ်ပွား”ဆိုတဲ့ခေါင်းစဉ်နဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှာ ဒီသတင်းကိုဖော်ပြခဲ့တာတွေ့ရ ပါတယ်။

မူရင်းလင့်ခ် –  MRTV  |  Archive link 

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၀ ရက်က မန္တလေးပုဂံ အမြန်ရထား စက်ခေါင်းအမှတ် DD–1214 ဟာ နွားထိုးကြီးမြို့နယ်အလွန်မှာဖြစ်ပွားခဲ့တဲ့ ရထားစက်ခေါင်းလမ်းချော်မှုဖြစ်စဉ်ကို လက်ရှိအဖြစ် အပျက်သဖွယ်မျှဝေနေခြင်းဖြစ်ပါတယ်။

Avatar

Title:၂၀၁၉ ခုနှစ်က မန္တလေး-ပုဂံ အမြန်ရထား စက်ခေါင်းလမ်း ချော်တိမ်းမှောက်မှုကို လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *