Fact Check: ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

False နိုင်ငံရေး | Politics

ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ နေအိမ်ကနေ အမေရိကန်ကို ဆက်သွယ်ထားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေ ဆိုပြီးတော့  ဓာတ်ပုံ ၂ ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူထောင်ပေါင်းများစွာ ပြန်လည်မျှဝေလျက်ရှိပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ ဉမင်းတွေဟာ  ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းနေက အမေရိကန် နိုင်ငံရဲ့ နေရာ ၅၁(Area 51)ကို ဆက်သွယ်ထားတယ်လို့လည်ဆိုထားသလို  ရွှေချောင်းတွေနဲ့ ဒေါ်လာအပြင် တန်ဖိုးကြီး ရှားပါး သတ္တုအမျိုးအစားတွေနဲ့ ရှေးဟောင်း ပစ္စည်းတွေပါတွေ့ရတယ်လို့ ရေးသားထားပါတယ်။ Area 51 ဆိုတာ ကတော့ အမေရိကန်နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အထူးလျို့ဝှက်နေရာတစ်ခုလို့ နာမည်ကြီးတဲ့ နေရာဒေသ တစ်ခုဖြစ်ပါတယ်။

သို့သော် ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံတွေဖြစ်တာတွေ့ရပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်နဲ့လည်း သက်ဆိုင်ခြင်းမရှိသလို အမေရိကန်ရဲ့ စစ်ဘက်လျှို့ဝှက်နေရာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။

ဓာတ်ပုံ ၂ ပုံနှင့်အတူ “သတိုးမဟာ သရေစည်သူ သူရိန်တာယာငပွ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသား မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။

ပို့စ်ထဲက ရေးသားချက်အချို့ကို ကောက်နှုတ်ဖော်ပြရရင် “ဒေါ်စုကြည်နေအိမ်ခြံဝင်းအတွင်းမှ US area 51 သို့ တိုက်ရိုက်တူးဖောက်ထားသော ​မြေအောက်ဥမင်လမ်းအားတွေ့ရှိ။ အဆိုပါ ဥမင်သည် တလမ်းသွား တူးဖောက်ထားသည်မဟုတ်ပဲ လမ်းပေါင်းများစွာခွဲဖြာထားပြီး၊ DCEU နှင့် MCU သို့သွားသော portal များပါ တွေ့ရှိရသည်။ တူးဖောက်ရာတွင် ဥမင်လမ်းကို ရေဒါနှင့်ဖမ်းမရအောင် နည်းပညာအကူအညီနှင့် တည်ဆောက် ထားရုံမက အဆိုပါနည်းပညာကို အမေရိကန်နိုင်ငံသား Lux Luther ၏အကူအညီမှ တဆင့်ရရှိသည်ဟု သိရှိရသည်။”စသည်ဖြင့် အစချီပြီး လို့ရေးသားမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄ ထောင် ၃ ရာကျော်ရှိပါတယ်။

တူညီတဲ့ ရေးသားမျှဝေမှု တွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာဒီနေရာဲ့ဒီနေရာတွေ မှာ တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ထို့အတူ ဒီဓာတ်ပုံတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်နေအိမ် ခြံအမှတ် ၅၄ မှာတွေ့ရတဲ့ ပုံတွေကို အဖြစ် ဒီနေရာဒီနေရာဒီနေရာဲ့ဒီနေရာတွေ မှာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ပထမဆုံးဓာတ်ပုံကို  Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာကတည်းက ပျံ့နှံ့လျှက် ရှိတာ အောက်ပါအတိုင်းတွေ့ရပါတယ်။

“ပီရူအကျဉ်းထောင်အနီးမှ ပေ ၅၉၀ ရှည်လျားတဲ့ ဉမင်လှိုဏ်ခေါင်းမှာ အယ်ချာပိုး(El Chapo)၏ ဂိုဏ်းဟောင်းက တူးခဲ့တယ်လို့ သံသယရှိ”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ ladbible အမည်နဲ့ဝက်ဘ်ဆိုဒ်က ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်ကဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် –LadbibleArchive link

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းထဲက လှိုဏ်ခေါင်းဆိုတဲ့ ဓာတ်ပုံ(ဘယ်)နဲ့ ပီရူးအကျည်းထောင်အနီးက ဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။ 

အလားတူ ထပ်မံရှာဖွေကြည့်ရာမှာ နောက်ထပ်ဉမင်လှိုဏ်ခေါင်းဓာတ်ပုံ ဟာ မက္ကစီကိုစီးတီးရဲ့ အနောက်ဘက်မှာ ရှိတဲ့ အောလ်တီပလာနို(Altiplano) အကျဉ်းထောင်ကနေ ၂၀၁၅ ခုနှစ်က အယ်ချာပိုး ထွက်ပြေးလွတ်မြောက် ခဲ့တဲ့ တစ်မိုင်နီးပါး ရှည်လျားတဲ့ မြေအောက်ဉမင်လှိုဏ်ခေါင်းပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် –News.com.auArchive link

အယ်ချာပိုး ဂက်စ်မန်(El Chapo Guzman)ဆိုတာ အမေရိကန်က အလိုရှိနေတဲ့ မူးယစ်ရာဇာတစ်ဦးဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိမ်ခြံဝင်းထဲက ဓာတ်ပုံလို့ ဆိုထားတဲ့ ဓာတ်ပုံ(ဘယ်)နဲ့ မက္ကဆီကိုက ဓာတ်ပုံကို လည်း အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲကတွေ့ရတဲ့ ရွှေချောင်းနဲ့ဒေါ်လာတွေဆိုတာဟာလည်း သတင်းတုဖြစ် ကြောင်း Fact Crescendo ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ မြေအောက်ဉမင်လှိုဏ်ခေါင်းတွေဟာ မက္ကဆီကိုနဲ့ ပီရူးနိုင်ငံမှာ တွေ့ရတဲ့ ဉမင်လှိုဏ်ခေါင်းဓာတ်ပုံတွေဖြစ်ပါတယ်။

Avatar

Title:ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံဝင်းထဲက မြေအောက်ဉမင် ဓာတ်ပုံလား-မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *