Fact Check: ဒီပုံတွေက ၂၀၂၀ ခုနှစ်က ပုဂံမှာ ရဲအဖွဲ့ ကင်းလှည့်ပုံဖြစ်တယ်

Missing Context လူမှုရေး

ပုဂံဘုရားများကို နောက်ခံပြုပြီး သေနတ်ကိုင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်အများအပြား လမ်းလျှောက်နေတဲ့ဓာတ်ပုံနဲ့ ညအမှောင်မှာ ဘုရားတစ်ဆူကို ဓာတ်မီးထိုးနေတဲ့ပုံတွေနှင့်အတူ ပုဂံဘုရားတွေက ပစ္စည်းတွေ ဖြုတ်နေဟန် လက်ရှိအဖြစ်အပျက်သဖွယ်ရေးသားထားတဲ့ ဖေ့စ်ဘွတ်ပို့စ်ကို လူရာဂဏန်း ပြန်လည်မျှဝေ လျှက်ရှိပါတယ်။

သို့ပေမဲ့ ဒီဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဧရာဝတီသတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ 

 “ပုဂံဘုရာကိုပုလိပ်ခွေးတွေ့ချီးတတ်လာပြီးဘုရာပစွည်းတွေ့ကုန်ပြီးမအလတွေ့”လို့ေရးသားပြီး “နော် မြသီတာ ဝင်း”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကမျှဝေထားရာမှာ ပြန်လည်မျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၉၀၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Bing မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၂၀ ခုနှစ်၊ ဇူလိုင်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာ တွေ့ရပါတယ်။

၂၀၂၀ ခုနှစ် ဇူလိုင် ၉ ရက်က ဧရာဝတီသတင်းဌာနရဲ့ အင်္ဂလိပ်ပိုင်းက “ပြီးခဲ့တဲ့လက မြန်မာနိုင်ငံရဲ့ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်တစ်ခုဖြစ်တဲ့ ပုဂံမှာ ံဘုရား သုံး ဒါဇင်နီးပါးမှာ ဌာပနာတွေဖောက်ထွင်းခံရပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ရှေ့ဟောင်းပုဂံဘုရားတွေအနီးမှာ ပတ္တရောင်လှည့်လည်နေကြခဲ့တယ်”လို့ ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခုမှာ ဒီပုံတွေကို အောက်ပါအတိုင်းတွေ့ရပါတယ်။

https://www.facebook.com/theirrawaddy/posts/3518920921486073

မူရင်းလင်ခ့် – The Irrawaddy  |  Archive link

ပုဂံမှာ ဘုရားတွေ ဌာပနာဖောက်ထွင်းခံရတဲ့အကြောင်း မြန်မာတိုင်းမ်သတင်းဌာနက ထိုအချိန်က ရေးသားခဲ့တဲ့ သတင်းကို ဒီနေရာမှာလေ့လာနိုင်ပါတယ်။ 

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံတွေဟာ လက်ရှိအဖြစ်အပျက်တစ်ခုမဟုတ်ဘဲ ဖြစ်စဉ်ဟာ ၂၀၂၀ခုနှစ်က ဇူလိုင်လအတွင်း ပုဂံရှေးဟောင်းဘုရားများမှာ ပတ္တရောင်လှည့်စဉ်ကဖြစ်ပါတယ်။

Avatar

Title:ဒီပုံတွေက ၂၀၂၀ ခုနှစ်က ပုဂံမှာ ရဲအဖွဲ့ ကင်းလှည့်ပုံဖြစ်တယ်

Fact Check By: Zun Zee 

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *