
“အတိုင်ပင်ခံနှင့် ကိုယ်ပျောက်ကြီးစာရင်းမတွေ့ရသေးဘူး ဘယ်တော့လဲ”ဆိုပြီးတော့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေစာရင်းတစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။
အလှူရှင်တွေထဲမှာ အရင်တပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတ(ငြိမ်း)ဉီးသိန်းစိန်စတဲ့ ပုဂ္ဂိုလ်တွေပါဝင်တာအောက်ပါအတိုင်းတွေ့ရပါတယ်။ ၂ ရက်အတွင်းမှာ ဒီပို့စ်ကို လူမှုကွန်ယက်သုံးစွဲသူ ၂ ကျော်က ပြန်လည်မျှဝေခဲ့တာတွေ့ရပါတယ်။

တကယ်ပဲ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေ လှူဒါန်းခဲ့ပါသလား။
အချက်အလက်စိစစ်ချက်

ဒီမျှဝေထားတဲ့ ဓာတ်ပုံကို ကြည့်မယ်ဆိုရင် အလှူငွေစာရင်းရဲ့ အပေါ်ဆုံးပိုင်းမှာ နောက်ခံအရောင်အနည်း ငယ်ဖြူနေတာတွေ့ရပါတယ်။ အလှူငွေစာရင်းတွေကို အစိုးရပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တာတွေ့ရပါတယ်။
မတ် ၂၆ ရက်နေ့ထုတ် ကြေမုံသတင်းစာ စာမျက်နှာ ၃ ပါပုံနဲ့ယှဉ်ကြည့်နိုင်ပါတယ်။ စာမျက်နှာသုံးမှာ အခုပုံကို တွေ့ရမှာဖြစ်ပါတယ်။

မတ် ၂၆ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ ၁၁ မှာလည်း အခုလိုဖော်ပြထားပါတယ်။

သုံးသပ်ချက်
အထက်က အချက်အလက်တွေအရ Htwun Winn အမည်နဲ့ အကောင့်မှာမျှဝေထားတဲ့ ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူငွေရှင်တွေစာရင်းဟာ ပုံဖျက်ထားတဲ့ သတင်းမှားသာဖြစ်ပါတယ်။

Title:ကိုရိုနာဗိုင်းရပ်စစ်ကူးစက်ရောဂါထိန်းချုပ်ရေး အလှူရှင်တွေကို ပုံဖျက်ထားတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False