
လက်ရှိဖြစ်ပွားနေတဲ့ ကိုဗစ်နိုင်တင်းရောဂါကြောင့် နိုင်ဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမဲ့ရွေးကောက်ပွဲကို မကျင်းပတော့ဘူးဆိုတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန့်နှံ့နေတာတွေ့ရပါတယ်။
အဲ့ဒီပို့စ်မှာ “ကိုမြင့်နိုင်(Covid-19) လုပ်ရက်ကြောင့် ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ပါ လက်ရှိ့ NLD အစိုးရပဲ အုပ်ချုပ်ခွင့် ပြုလိုက်ပီး သဘောတူလား ဘော်ဒါတို့ရေ”လို့ရေးသားထားတာတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
အထက်ပါရွေးကောက်ပွဲ မလုပ်တော့ဘူးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲတွေကို တာဝန်ယူဦးစီးကျင်ပပေးရတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လာမဲ့နိုင်ဝင်ဘာ ၈ရက် ရွေးကောက်ပွဲကို ရပ်ဆိုင်းတာ၊ ရက်ရွှေ့တာစသဖြင့် တစ်စုံတရာကြေငြာတာမျိုး မရှိသေးပါဘူး။
ဒါအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း စက်တင်ဘာလ ၁၅ ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတစ်ခုဖြစ်တဲ့ Chair NLDပေ့ချ်ကနေ “ပြည်သူသို့ ပန်ကြားချက် (၂)”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗွီဒီယိုဖိုင်မှာ “လာမယ့် ၈ ရက် နိုဝင်ဘာမှာ ရွေးကောက်ပွဲကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက် အားလုံးရပ်တည်ပေးကြပါ”လို့ ထည့်သွင်းပြောကြားသွားပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်လက်တွေကြည့်ခြင်းအားဖြင့် ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကို တွေ့ရပါတယ်။

Title:ကိုဗစ်နိုင်တင်းကြောင့် ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False