ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

 ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မယ်လို့ ဦးသန်းဌေးပြောတယ်ဆိုတဲ့ သတင်းတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ 

ဒီ ဓာတ်ပုံပို့စ်မှာ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်း နိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော”လို့ ခေါင်းစဉ်တပ်ထားပြီး Golden Hands ဂျာနယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဉက္ကဌ ဦးသန်းဌေးနှင့်အင်တာဗျူး တစ်ခုမှာပြောကြားခဲ့ ဟန်ဖြစ်တာတွေ့ရပါတယ်။

ဒီပို့စ်ကို ဒီမို ဖိုက်တာZaw Tun စတဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ ရပါတယ်။

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို ဒီဂျစ်တယ်နည်းလမ်းအသုံးပြုပြင်ထားတဲ့ ဒီသတင်းတုဟာ ဖေဖော်ဝါရီလထဲကတည်းက စတင်ပျံ့နှံ့ လျက်ရှိတာတွေ့ရပါတယ်။

ဒီအင်တာဗျူးရဲ့မူရင်းခေါင်းစီးဟာ “ဘယ်လောက်ပဲတိုင်တိုင် ဥပေက္ခာပြုထားတော့ မပြေးသော်လည်း ကန်ရာရှိ ဆိုသလို အာဏာရပါတီနဲ့ ယှဉ်ပြိုင်မိတဲ့သူတိုင်း ရှုံးတာချည်းပဲ”ဖြစ်ပြီး ပြင်ဆင်ထားတဲ့ ဓာတ်ပုံမှာတော့ “ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းနိုင် အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြော” ဆိုပြီး ပြင်ဆင်ဖြန့်ချိခြင်းဖြစ်တယ်လို့ Golden Hands ဂျာနယ်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ထားတွေရပါတယ်။ 

Link

ဒီလိုပဲ ဒီသတင်းဟာ အမှားဖြစ်ပြီး သတင်းမှားဖြန့်တဲ့သူတွေကို သတင်းအမှားအား စတင် လုပ်ဆောင်သူ အပါအဝင် ကူးယူဖော်ပြသူ ထပ်ဆင့် မျှဝေသူ မည်သူကိုမဆို တည်ဆဲဥပဒေများအရ ဖော်ထုတ် အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးသိန်းထွန်းဦး ကလည်း ဖေဖော်ဝါရီ ၂၈ ရက်က သူ့ရဲ့ ကိုယ်ပိုင်စာမျက်နှာက တစ်ဆင့် ရေးသားတုန့်ပြန်ခဲ့တာတွေ့ရပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်အရ ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများကို အင်္ဂလိပ်စာ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းနိုင်အောင် ဆောင်ရွက်မည်ဟု ဦးသန်းဌေးပြောဆိုတဲ့သတင်းဟာ  သတင်းတုဖြစ်တာ တွေ့ရပါတယ်။

Avatar

Title:ပြည်ခိုင်ဖြိုး အာဏာရရင် အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဌာန်းမယ်ဆိုတဲ့ သတင်းတု

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *