
တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်ဆိုတဲ့ ပို့စ်တစ်ခု လူမှုကွန်ယက် သုံး စွဲသူတွေ အကြားမှာ ပျံ့နှံခဲ့ပါတယ်။
“ခိုင်ယဉ် မွန်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။“Pann Ei Kyaw”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “Aung San Suu Kyi (Myanmar State Counsellor 🇲🇲)”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုမှာ အလားတူမျှဝေထားပါတယ်။ ဒီပို့စ်ကို “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြု သူက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး “Bunki Latt” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူလည်းမျှဝေခဲ့ပါသေးတယ်။ အခုချိန်မှာတော့ “Bunki Latt”၊ “ရဲ ဇော်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ စာမျက်နှာ ဒီပို့စ်ရှိမနေတော့ပါဘူး။

အချက်အလက်စိစစ်ချက်
ဇူလိုင် ၂၇ ရက်နေ့မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအခုလိုပျံ့နှံ့လျက်ရှိတဲ့ သတင်းဟာ သတင်းတု၊ သတင်းမှားဖြစ်ကြောင်းအောက်ပါအတိုင်း ထုတ်ပြန်ကြေညာခဲ့တာတွေ့ရပါတယ်။
“လူမှုကွန်ရက်စာမျက်နှာ ( Facebook ) တွင် ပျံ့နှံ့လျက်ရှိသည့်“တပ်ပြင် မထုတ်သည့် မဲရုံများမှ မဲများကို ပယ်မဲအဖြစ် သတ်မှတ်မည်ဟု ရွေးကောက်ပွဲကော်မတီမှ ပြော။ ref : ရဲဇော်” ဟု ဖော်ပြလျက်ရှိသည့် သတင်းသည်သတင်းတု၊ သတင်းမှားဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်”ဆိုပြီး ထုတ်ပြန်ကြေညာ ထားပါတယ်။

သုံးသပ်ချက်
အထက်ပါ အချက်အလက်အရ ရှေ့နေဒေါ်ရွက်နုအောင်ဟာ လာမယ့်အထွေထွေရွေးကောက်ပွဲမှာ NLDပါတီကိုယ်စားပြု ပျော်ဘွယ်မဲ ဆန္ဒနယ်မြေကနေ ယှဉ်ပြိုင်မယ်ဆိုတဲ့ အချက်အလက်ဟာ အချက်အလက်မှားဖြစ်တာတွေ့ရပါတယ်။

Title:တပ်ပြင်မထုတ်တဲ့ တပ်တွင်းမဲရုံမှ မဲများကို ပယ်မဲအဖြစ်သတ်မှတ်မယ်လို့ သတင်းမှားဖြန့်ဝေ
Fact Check By: Nayar MaungResult: False