COVID-19 ကြောင့် ရန်ကုန်ဟာ ကမ္ဘာ့စိတ်မချရဆုံးမြို့တော်တွေထဲမှာ ဒုတိယလိုက်နေ ဆိုတဲ့ သတင်းမှား

Coronavirus False စီးပွားရေး | Economy လူမှုရေး

ဧပြီ ၈ ရက်နေ့အထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က ထုတ်ပြန်တဲ့ စာရင်းမှာ covid-19 ဗိုင်းရပ်စ်ကူးစက်ခံရမှု အတည် ပြုလူနာ ၂၂ ဉီးရှိပြီး လူနာ ၃ ဉီး ဗိုင်းရပ်စ်ကူးစက်ခံရမှုကြောင့် အသက် ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ “Nay Myo Thu” အမည်နဲ့ ဖေ့စ်ဘွတ်အကောင့်က “မှု့ခင်းနှင့်သတင်းစုံ”၊ “သတင်းစုံ”စတဲ့ ဖေ့စ်ဘွတ်အုပ်စုတွေမှာ “ကိုရိုနာ ရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့ စာရင်းတွင် ရန်ကုန် ဒုတိယချိတ်” ဆိုပြီးတော့ ဧပြီ ၂ ရက်က မျှဝေလာတာတွေ့ရပါတယ်။

Fb linkFb link
Archive linkArchive link

ဒီပိုစ့်ကို မယုံကြည်သူတွေအများအပြားရှိတာလည်း တွေ့ရပြီး ပြန်လည်မျှဝေသူတွေလည်းရှိခဲ့ပါတယ်။

အချက်အလက်စိစစ်ချက်

ဒီသတင်းရေးထားတဲ့ swalsonekyan အမည်နဲ့ ဝက်ဆိုဒ်ကို ဝင်ရောက်ဖတ်ကြည့်မယ်ဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ အချက်အလက်လုံခြုံမှုပိုင်းဆိုင်ရာမရှိတဲ့ အခြားသောလင့်ခ်တွေဆီကို အလိုအလျှောက် ရောက်ရှိသွားပြီးနောက် The economist intelligence unit ရဲ့ “safe cities index 2017” ကို ကိုးကားပြီးရေးသားထားတာကို အောက်ပါ အတိုင်းတွေ့ရပါတယ်။

Link Archive Link

ဒီအစီရင်ခံစာကိုပဲ ကိုးကားပြီး မတ်လထဲမှာ 7days သတင်းဌာနက ရေးသားထားတဲ့ “၂၀၁၇၏ ကမ္ဘာ့လုံခြုံမှု မရှိဆုံးမြို့များစာရင်းတွင် ရန်ကုန်ဒုတိယချိတ်” ဆိုတဲ့ သတင်းကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့ လာနိုင်ပါတယ်။ ဒစ်ဂျစ်တယ်လုံခြုံရေး၊ကျန်း မာရေး၊ လုံခြုံရေးနှင့် အခြေခံအ ဆောက် အအုံလုံခြုံရေး၊ ပုဂ္ဂိုလ် ရေးလုံခြုံရေးတို့အပါအဝင် အ ချက် ၄၉ ချက်အပေါ်အခြေခံ၍ ကမ္ဘာပေါ်တွင် အန္တရာယ်မကင်း ဆုံးမြို့ ၆၀ ကို ယင်းအဖွဲ့က စာ ရင်းပြုစုဖော်ပြခြင်းဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်လို့ ဖော်ပြထားခြင်းမရှိပါဘူး။

7dayArchive link

The economist intelligence unit ရဲ့ “safest cities index 2017” နဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “safest cities index 2019” အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

safest cities index 2017safest cities index 2019

ကိုရိုနာဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်ပိုးမွှာအသစ်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကမှ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ  စတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီအစီရင်ခံစာထွက်ရှိချိန်က ကိုရိုနာဗိုင်းရပ်စ်ဟာ အခုလို လူတွေကို ကူးစက်မှုမရှိသေးပါဘူး။

WHO

သုံးသပ်ချက်

အထက်ပါအချက်အလက်စိစစ်ချက်တွေအရ “ကိုရိုနာ ရောဂါကြောင့် ကမ္ဘာ့စိတ်မချရဆုံးမြို့ စာရင်းတွင် ရန်ကုန် ဒုတိယချိတ်” ဆိုပြီးတော့ “Nay Myo Thu”အမည်နဲ့အကောင့်က မျှဝေထားပြီး swalsonekyan အမည်နဲ့ ဝက်ဆိုဒ်ကရေးသားချက်ဟာ ခေါင်းစဉ်တလွဲတပ်ပြီး လှည့်စားထားတဲ့  သတင်းအချက်အလက်မှား သာဖြစ်ပါတယ်။

Avatar

Title:COVID-19 ကြောင့် ရန်ကုန်ဟာ ကမ္ဘာ့စိတ်မချရဆုံးမြို့တော်တွေထဲမှာ ဒုတိယလိုက်နေ ဆိုတဲ့ သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *