Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

False နိုင်ငံရေး | Politics

ရေးမြိုနယ်မှာ အဓိကလှုပ်ရှားနေတဲ့ ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ ဓာတ်ပုံအဖြစ်  ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တာဟာ သတင်းမှားတခုသာ ဖြစ်တယ်။ 

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာဒီနေရာနဲ့ ဒီနေရာနဲ့ စစ်တပ်ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုဒ်ရဲ့ ဒီနေရာမှာ တွေ့ရပါတယ်။ 

“ရေးဘီလူး(ခ) လှိုင်းဝင်း လုပ်ကြံခံရ 

ရေးမြိုနယ်တွင်အဓိကလှုပ်ရှားနေသည့် အင်အား ၂၀၀ ခန့်ရှိ ရေးဘီလူးအဖွဲ ခေါင်းဆောင်သည် ယမန်နေ့က အမညျမသျိ လူသုံးဦး၏ လက်ချက်ဖြင့်သေဆုံးသွားကြောင်းသိရသည်။ စခန်းဒုခေါင်းဆောင်နှင့် လွန်ခဲ့သည့်တစ်ပတ်က အလှူငွေကိစ္စ စကားများကြရာက ယခုကဲသို လုပ်ကြံခြင်းဖြစ်နိုင်ကြောင်း တပ်ဖွဲဝင်များ က ဆိုသည်။ ၎င်းသေဆုံးခြင်းကို လျှိဝှက်ထားချင်သည့်အတွက် သတင်းကိုဖုံးဖိရန် အစပိုင်းက ကြိုးစားသော်လဲ ၎၏ အလောင်းပုံ မွာ လူမှုကွန်ရက်ပေါ် ပြန့်နှံလာခြင်းဖြစ်သည်။ ရေးဘီလူးအဖွဲသည် အကြမ်းဖက် NUG ၏ coc ဖြင့်စစ်ဆေးဆောင်ရွက်နေသော အကြမ်းဖက်အဖွဲဖြစ်သည်”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ရေးဘီလူးအဖွဲ ခေါင်းဆောင် လုပ်ကြံခံရတယ်ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ ဓာတ်ပုံကို Google မှာ ပုံရှာနည်း အသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်က မုံရွာမြို့တောင်ပိုင်း ညောင်ဖြူပင်ရွာ စစ်ကောင်စီရဲစခန်းမှာ တပ်စွဲထားတဲ့ အင်အား ၃၀ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာအပြင်ထွက်လာချိန် ဒေသ အခြေစိုက် ကာကွယ်ရေးတပ်တွေစုပေါင်းပြီး ချုံခိုတိုက်ခိုက်ခဲ့ရာမှာ PDF ဘက်က အသက် ၂၅ နှစ်အရွယ် CDM စစ်သား ရဲဘော် Jade ဆိုသူ ကျဆုံးခဲ့စဉ်က ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ အဲဒီအချိန်က မြန်မာနောင်း သတင်းရဲ့ သတင်းဖော်ပြချက် ဒီလင့်ခ်မှာ ကြည့်ပါ။

ဒီပြန့်နှံ့ခဲ့တဲ့ သတင်းမှားနဲ့ ပက်သတ်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်ကလည်း ကျန်းမာစွာရှိနေတဲ့အကြောင်း သူ့ရဲ့ဖေစ့်ဘွတ်ကနေ တဆင့်ပြန်လည်ဖြေရှင်းထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ကျန်းမာစွာရှိနေတဲ့အကြောင်း ပြန်လည်ဖြေရှင်းထားတဲ့အတွက် ရေးဘီလူး အဖွဲ့ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံးတဲ့ သတင်းဟာ သတင်းမှားတခုသာဖြစ်တယ်။  ဓာတ်ပုံဟာလည်း ဇန်နဝါရီလအတွင်းက မုံရွာတောင်ပိုင်းမှာ CDM စစ်သားတဦးဖြစ်သူ ရဲဘော် Jade သေဆုံးမှု နာရေးအခမ်း အနားမြင်ကွင်းဖြစ်တယ်။ 

ပြောဆိုချက်- ရေးဘီလူး အဖွဲ့ ခေါင်းဆောင် လုပ်ကြံခံရလို့ သေဆုံး

Avatar

Title:Fact Check: ရေဘီးလူခေါင်းဆောင် လုပ်ကြံခံရပြီး သေဆုံးမှု သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *