Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား        

Misleading နိုင်ငံရေး | Politics

​ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာကနေပြန်လွတ်ပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားဖြစ်ပါတယ်။

“အမေစု နေပြည်တော် နေအိမ်ပြန်လည်ရောက်ရှိ ။ပြည်သူတွေ မျက်ရည်ပါကျတယ်”လို့ ရေးသားပြီး “Third News ll” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း သတင်းတင်ဆက်သူက “မင်္ဂလာပါရှင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ပြန်ရောက်ခဲ့ ပါပြီ။တရားရုံးတော်ကယနေ့ မှာပဲအကျဉ်းချုပ်ကနေအိမ်အကျယ်ချုပ်သို့ပြောင်းလဲသတ်မှတ်လိုက်ပြီဟု အမိန့်ချမှတ်လိုက်ပါတယ်။ အားလုံးပဲဝမ်းသာစရာသတင်းဖြစ်မယ်လို့မျှော်လင့်မိကြပါတယ်။”စသည်ဖြင့် ကြေညာခဲ့လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

ထို့အတူ ဒီဗွီဒီယိုကို တူညီစွာရေးသားပြီး “Today new”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာကလည်းမျှဝေထားရာ ဒီဗွီဒီယိုပြန်လည်မျှဝေမှုပေါင်း ၃၀၀၀ ကျော်၊ ဗွီဒီယိုကြည့်ရှူ့မှုပေါင်း ခုနှစ်သိန်းဝန်းကျင်ရှိပါတယ်။ ဒီနေရာမှာကြည့်ပါ။

အချက်အလက်စိစစ်ချက်

ပွင့်လင်းမြင်သာမှုမရှိတဲ့ စစ်တပ်အလိုကျတည်ထောင်ထားတဲ့ အထူးတရားရုံးကနေ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ ဒီလိုအာဏာရှင်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရွေးကောက်ခံအရပ်သားအစိုးရအဖွဲ့ဝင်တွေကို ထောင်ဒဏ်ချမှတ်တာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တုံ့ပြန်ခဲ့ပြီး မြန်မာစစ်တပ်ကို ဝိုင်းဝန်းဖိအားပေးကြဖို့ တောင်းဆိုခဲ့ကြောင်း သတင်းတွေမှာဖော်ပြပါတယ်။ အန်တိုနီ ဘလင်ကန်တုံ့ပြန်မှုကို ဒီနေရာမှာကြည့်ပါ။ 

မူရင်းလင်ခ့် – RFA BurmeseArchive link  

မဇ္ဈိမသတင်းဌာနရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာ ၂ ရက်မှာပဲ နောက်ထပ်ထောင်သုံးနှစ်ချမှတ်လိုက်ပြီး စုစုပေါင် ထောင်ဒဏ် အနှစ် ၂၀ စစ်တပ်ကချမှတ်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေရာက နေပြန်လွတ်လာပြီး နေပြည်တော်နေအိမ်ပြန်လည်ရောက်ရှိလာပြီ လို့ရေးသားထားတဲ့သတင်းတု သတင်းမှားဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်နေအိမ်ပြန်ရောက်ပြီဆိုတဲ့ သတင်းတုသတင်းမှား

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *