Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရလို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းသာဖြစ်တယ်။ ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုထဲမှာ Non-CDM ဝန်ထမ်း ၆၀ မေ ၂၄ ရက်က ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ရေးသားထားပါတယ်။

အောက်ပါ ဗွီဒီယိုကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်ဖြစ်ပါတယ်။ တူညီတဲ့ဗွီဒီယိုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကပ်ထဲမှာ ဖြန့်ဝေထားသလို Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးခံရတာ မှန်ပေမဲ့ သူတို့တွေကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ပါတယ်။ သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာ တွေရဲ့ ‌ဖော်ပြချက်ကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ ပခုက္ကူ - ရေစကြိုလမ်းပိုင်းမှာ စစ်‌ဆေးရေးဆောင် ရွက်နေစဉ် စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမများ ၆၀ ကျော်ကို ထိန်းသိမ်းခဲ့ ပေမဲ့ ဆက်လက်ထိန်းသိမ်းထားဖို့ ခဲယဉ်းတဲ့အတွက် ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် သတိပေး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒီလိုဖမ်းဆီးခဲ့တဲ့ Young Force – UG က ထုတ်ပြန်ချက်ကို ကိုးကားပြီး ဒီသတင်း ဌာနတွေက ဖော်ပြပါတယ်။

ထို့အပြင် ယခုဗွီဒီယိုပါဖတ်ကြားနေတဲ့ သတင်းကတော့ Mandalay Free Press – MFP အမည်နဲ့ ဖေ့စ်ဘွတ် စာမျက်နှာက မေ ၂၃ ရက်စွဲနဲ့ဖော်ပြခဲ့တဲ့ “ပခုက္ကူ - ရေစကြိုလမ်းမှာ စစ်အုပ်စု လက်အောက်ခံ Non_CDM ဝန်ထမ်း (၆၀)ကျော် ဖမ်းမိ”ဆိုတဲ့ သတင်းပဲဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။ ဒီသတင်းဖော်ပြချက် မှာလည်း ဖမ်းဆီးထိန်းသိမ်းဖို့အခက်အခဲရှိလို့ သတိပေးပြီး ပြန်လွှတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်ရ Non-CDM ဝန်ထမ်း ၆၀ ကိုယာယီဖမ်းဆီးခဲ့ တာမှန်ပေမဲ့ လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အဖမ်းခံရသူတွေအားလုံး သတ်ပစ်တယ်ဆိုပြီး ထင်ယောင်ထင်မှားဖြစ်ဖွယ် သတင်းတုဖြန့်ချိထားခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- ပခုက္ကူ - ရေစကြိုလမ်းမှာ Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရ

Avatar

Title:Fact Check: Non-CDM ဝန်ထမ်း ၆၀ ဖမ်းဆီးသတ်ဖြတ်ခံရဆိုတဲ့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတု

Written By: နေရာမောင်

Result: False