
စစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ MRTV သတင်းနောက်ခံနဲ့ ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို စစ်ကောင်စီက ဖမ်းမိပြီ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ် ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ယူကျု့ချယ်နယ်တစ်ခုမှာ ဖြန့်ဝေရာမှာ ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ တကယ်တော့ သတင်းတုဖြန့်ချိ နေခြင်းဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “စိတ်ခိုင်မှကြည့်ကြပါ။ မင်းကိုနိုင်ကိုဖမ်းမိသွားပြီ၊ကိုဂျမီတို့လိုကြိုးမိန့်တဲ့” “ပြည်သူတွေရင်ကြိုးရပြန်ပြီ မင်းကိုနိုင်ကိုဖမ်းမ်ပြီ ၁၈ ရက်နေ့ ပြည်သူရှေ့ ကြိုးပေးသတ်ပြမယ်တဲ့”စသည် ဖြင့် ရေးသားကာ “Daily News Myanmar”အမည်နဲ့ ယူကျု့ချယ်နယ်က အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် –Youtube link| Archive link
အချက်အလက်စိစစ်ချက်
၆မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်တစ်ခုလုံးမှာ ဗွီဒီယိုဖိုင် အဖွင့်မှာပါတဲ့ “မင်းကိုနိုင်ကိုဖမ်းမိပြီ၊ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ်”ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေက “လွယ်တယ်ထင်နေသူတွေကို သတိတော့ ပေးချင်တယ် စစ်ကောင်စီဟပေးလိုက်တဲ့လက်နက်ကိုင်ဆောင်ခွင့်ထောင်ချောက်ကအမှုတွဲမှာလို့” ဦးမင်းကိုနိုင်ပြောကြားခဲ့တဲ့ People’s Spring က မေးမြန်းခန်းကို ပြန်လည်ဖတ်ကြားနေတာသာဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကို လက်ရှိအချိန်အထိ အသုံးပြုနေတာလည်းတွေ့ နိုင်ပါတယ်။ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ “မင်းကိုနိုင်ကိုဖမ်းမိပြီ၊ ၁၈ ရက်နေ့ ပြည်သူရှေ့မှာ ကြိုးပေးသတ်ပြမယ်” ဆိုတဲ့သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ ဦးမင်းကိုနိုင်နဲ့People’s Spring က မေးမြန်းခန်းကို ပြန်လည်ဖတ်ကြားနေတာသာဖြစ်ပါတယ်။

Title:Fact Check: မင်းကိုနိုင်ကို ဖမ်းမိပြီ၊ကြိုးပေးသတ်မယ်ဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False