Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကတောင်းဆိုတယ်ဆိုတဲ့ သတင်းတု သတင်းမှားတစ်ခုဖေ့စ်ဘွတ်နဲ့ ယူကျူ့အကောင့်တွေမှာ ယနေ့ ဖြန့်ဝေနေတာတွေ့ရပါတယ်။ ၅ မိနစ်ကျော် ရှည်လျားတဲ့ နန်စီပလိုစီ ဓာတ်ပုံနဲ့အတူ မြန်မာကို R2P ဝင်ပေးဖို့ နန်စီပယ်လိုစီတောင်းဆို ပေးလိုက်ပြီ” လို့ ရေးသားထားပါတယ်။ 

အောက်ပါပို့စ်ကတော့ “သတင်းနန်းတော်”အမည်နဲ့ ယူကျူ့အကောင့်တစ်ခုမှာပြီးခဲ့တဲ့ နာရီပိုင်းက ဖြန့်ဝေထားတဲ့ ဗွီဒီယိုဖြစ်ပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျု့ရဲ့ ဒီနေရာနဲ့ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

R2P ဆိုတာကတော့ ရဝမ်ဒါနဲ့ ယူဂိုဆလားဗီးယားမှာ ၁၉၉၀ ခုနှစ်အတွင်းက နိုင်ငံစစ်တပ်က ဦးဆောင်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေလိုမျိုးထပ်မံမဖြစ်ပွားရအောင် နိုင်ငံတကာက အချိန်မီတုန့်ပြန်နိုင်ရေးဆိုတဲ့ အယူအဆဖြစ်ပါတယ်။ အမေရိကန်အောက်လွတ်တော် ဥက္ကဌ နန်စီပလိုစီက မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ပြောတယ်ဆိုတဲ့အကြောင်းအရာကို Fact Crescendo Myanmar အနေနဲ့မတွေ့ရပါဘူး။ 

ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာကို လက်နက်ခဲရမ်း ထောက်ပံ့ဖို့နဲ့ R2P ဝင်ပေးဖို့ ဒေါ်ဇင်မာအောင်ရဲ့ ပြောကြားချက်ကို RFA Burmese ကထုတ်လွှင့်ခဲ့တဲ့ သတင်းဗွီဒီယိုကို ရုပ်ကတ်ဓာတ်ပုံ အနည်းငယ်ပုံပြောင်းပြီး ထုတ်လွှင့်နေတာဖြစ်ပါတယ်။

နန်စီပလိုစီဟာ ဩဂုတ်လ ၃ ရက်နေ့မှာ တရုတ်ပြည်မကြီးက ကန့်ကွက်နေတဲ့ကြားက ထိုင်ဝမ်ကို သွားရောက်ခဲ့ပြီးနောက်မှာ လူမှုကွန်ယက်ပေါ်မှာ အလွန်အမင်းရေပန်းစားခဲ့တဲ့ ခေါင်းစဉ်တစ်ခုဖြစ်နေချိန်မှာ အခုလို သတင်းတု ဖြန့်ချိလာတာဖြစ်ပါတယ်။ ထိုင်ဝမ်ခရီးခရီးစဉ်မှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး နန်စီပလိုစီအနေနဲ့ တစ်စုံတစ်ရာ ပြောဆိုခဲ့ခြင်းမတွေ့ရပါဘူး။ အောက်လွှတ်တော်ဉက္ကဌ နန်စီပလိုစီနဲ့ ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝမ်တို့ခရီးစဉ်နဲ့ပတ်သက်ပြီး ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီပြောကြားခဲ့ခြင်းမရှိပါဘူး။ ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ RFA Burmese သတင်းဌာနက ဖော်ပြခဲ့တဲ့ ဒေါ်ဇင်မာအောင်ရဲ့ R2P တောင်းဆိုချက်ကို ဗွီဒီယိုရုပ်ကတ်ပြောင်းလဲဖော်ပြနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: မြန်မာနိုင်ငံကို R2P ဝင်ပေးဖို့ နန်စီပလိုစီပြောဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *