
NLD ပါတီကို ထုတ်ပယ်ခြင်းမပြုဖို့ တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမယ်လို့ တရုတ် သတိပေးလို့ ဆိုလိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြစ်ပါတယ်။
ဗွီဒီယိုပုံစံနဲ့ ဖြန့်ဝေနေတဲ့ ဒီပို့စ်မှာ “တောင်းဆိုမှုကို မလိုက်နာရင် အဆိုးဆုံးတွေ ရင်ဆိုင်ရမည်ဟု ပြက်းထန် သတိပေးပြီ”လို့ ရေးသားပြီး “NLD ကို ထုတ်ပယ်မှု တရုတ်ကို ထိပါးစော်ကားခြင်းဟု သတ်မှတ်ပြီ”လို့လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါ အကြောင်းအရာဟာ Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ အင်တာဗျူးတစ်ခုကို ပြန်လည်မျှဝေနေခြင်းဖြစ် တယ်။အာဏာသိမ်းစစ်တပ်က တဖက်သတ်ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲအတုကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပြင် ဆင်နေတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူ့သဘောထားကို မကြည့်တဲ့ပါတီ၊ ပြည်သူလူထုကို သစ္စာဖောက်တဲ့ ပါတီဖြစ်သွားနိုင်တယ်၊ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ပိုမိုမြင့်မားစေနိုင်သလို စစ်တပ်ကိုယ်တိုင်က PDF ကို ပုံရိပ်ဖျက်ဆီးဖို့အတွက် သူတို့ကိုယ်တိုင်ဖောက်ခွဲရေးတွေ လုပ်လာနိုင်တာမို့ သတိပြုဖို့လိုတဲ့အကြောင်းပြောဆိုဆွေးနွေးထားတာဖြစ်ပါတယ်။
၁၃ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုတစ်ခုလုံးမှာ NLD ကိုထုတ်ပယ်မှုအကြောင်း၊ တရုတ်က မြန်မာစစ်တပ်ကို သတိပေး တယ်ဆိုတဲ့ အကြောင်းအရာ တစ်စုံတစ်ရာမပါရှိပါဘူး။
စစ်တပ်က အာဏာသိမ်း ၂ နှစ်ပြည့်ခါးနီး ရက်ပိုင်းအလိုမှာ ဇန်နဝါရီ ၂၆ ရက်က နိုင်ငံရေးပါတီများဥပဒေကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြင်ဆင်ပြဋ္ဌာန်းလိုက်ပြီး ဒီဉပဒေဟာ အရင် စစ်အစိုးရလက်ထက်က နိုင်ငံရေးပါတီများဥပဒေကို ပြန်လည်မွေးစားပြီး ယင်းထက်ပိုမိုတင်းကျပ်တဲ့ ရပ်တည်ခွင့်မရှိတဲ့ပါတီတွေရဲ့ ပိုင်ဆိုင်မှုကို သိမ်းဆည်းမယ်ဆိုတဲ့ ပြဌာန်းချက်တွေလည်း ထည့်သွင်းလားပါတယ်။
လက်ရှိအချိန်အထိ NLD ပါတီပါကိစ္စ၊ နိုင်ငံရေးမှတ်ပုံတင်ဉပဒေကိစ္စနဲ့ပတ်သက်ပြီး တရုတ်ဘက်က တစ်စုံတရာ ပြောထားတာ မရှိသလို တရုတ်အခြေစိုက်မီဒီယာတွေမှာလည်းဖော်ပြထားတာမရှိပါဘူး။ ၂၀၂၂ ကုန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ စစ်တပ်ဘက်က ရပ်တည်ခြင်းမရှိဘဲ ဗီတိုအာဏာမသုံးခဲ့တာကလွဲလို့ တရုတ်ဟာ လက်ရှိအချိန်အထိ မြန်မာအရေးကို ပြည်တွင်းရေးအနေနဲ့သာ ပြောဆိုပုံဖော်နေဆဲဖြစ်တာ လည်းတွေ့ရပါတယ်။
သုံးသပ်ချက်
Burma News Network က ဇန်နဝါရီ ၂၆ ရက်ကဖော်ပြခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဌ ဦးအောင်မိုးဇော်နဲ့ အင်တာဗျူး ဗွီဒီယိုပါ ပုံရိပ်တွေကို ဖြတ်ထုတ်ပြီး ရုပ်ကတ်လို့သလိုပြန်လည်ထည့်သွင်းကာ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Title:Fact Check: NLD ပါတီနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ပြောကြားချက်ဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False