Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းဖို့အမိန့်ချလိုက်လို့ ပြည်သူတွေ ပျော်ရွှင်နေကြတယ် လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲ စေနိုင်တဲ့ သတင်းခေါင်းစဉ်တုတစ်ခုဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်အကြား မြန်မာအရေးနဲ့ ပတ်သက်ပြီး သဘောတူညီချက်မရှိတာတွေ့ရပါတယ်။ 

‌အောက်ပါဓာတ်ပုံကတော့ မြန်မာအရေးတရုတ်နဲ့အမေရိကန်ပူးတွဲအမိန့်ချလို့ တစ်နိုင်ငံလုံးထခုန်နေကြပြီလို့ ရေးသားမျှဝေထားတဲ့ ပျံ့နှံ့မှုကောင်းနေတဲ့ ဗွီဒီယိုပို့စ်ကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ “မောင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကဖော်ပြခဲ့တဲ့ “မြန်မာ့အရေးကို တရုတ်က အမေရိကန်နဲ့ ပူးပေါင်းဖြေရှင်းသွားမှာ သေချာရဲ့လား”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြား နေခြင်းဖြစ်ပါတယ်။ ဆောင်းပါးထဲမှာတော့ အ‌မေရိကန်အနေနဲ့ မြန်မာအရေးမှာ တရုတ်နဲ့ပူးပေါင်းဖြေရှင်း လိုတယ်ဆိုပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆက်ဆံခြင်းကနေ အကျိုးအမြတ်တွေရနေတဲ့ တရုတ်က စိတ်ဝင်စားမှာမဟုတ်တဲ့အကြောင်းရေးသားထားပါတယ်။

ဧပြီ ၁၄ ရက်စွဲနဲ့ လွတ်လပ်တဲ့အာရှအသံ မြန်မာပိုင်းကဖော်ပြခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒဲရစ်ချောလက်က မြန်မာအ‌ရေးနဲ့ ရာသီဥတုဆိုင်ရာကိစ္စရပ်တွေမှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်လိုပေမဲ့ တရုတ်ဘက်ကစိတ်ဝင်စားမှုနည်းနေတဲ့အကြောင်းပြောကြားချက်ကိုအောက်ပါလင့်ခ်မှာကြည့်ပါ။

မူရင်းလင်ခ့် – RFAArchive link

သုံးသပ်ချက်

ဗွီဒီယိုပါအကြောင်းအရာဟာ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုဖော်ပြခဲ့တဲ့ အတွေးအမြင်ဆောင်းပါတစ်ပုဒ်ကို ပြန်လည်မျှဝေနေခြင်းဖြစ်ပါတယ်။ ဆောင်းပါထဲမှာ တရုတ်ဟာ မြန်မာအရေးမှာ အမေရိကန်ပါဝင်လာမှာကို စိုးရိမ်ပြီး စစ်တပ်၊ နယ်စပ်ဒေသကတိုင်းရင်းသားလက်နက်ကိုင်တို့အပေါ် သြဇာထူထောင်ထားနိုင်တဲ့ အကြောင်းသာပါဝင်ပါတယ်။ အမေရိကန်နဲ့ တရုတ်တို့ မြန်မာအရေးမှာ သဘောတူညီချက်မရှိပါဘူး။ပြောဆိုချက်- တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်

Avatar

Title:Fact Check:  တရုတ်နဲ့အမေရိကန်ပူးပေါင်းပြီး မြန်မာအရေးဖြေရှင်းမယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *