Fact Check: စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်း လေယာဉ်ပျက်ကျလို့ သေဆုံးမှု သတင်းတု

နိုင်ငံ‌ရေး

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန် လေယာဉ်ပျက်ကျသေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ယူကျူ့ ပို့စ်တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။

အောက်ပါစာသားတွေနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုအစမှာပြသတဲ့ ဓာတ်ပုံပါ စာသား ကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“သိန်းစိန် မအလ ပါတဲ့လေယာဉ် ပေါက်ကွဲမီးလောင်ပြာကျ ဝဠ်ကြေး အလောင်းတောင်ပြန်မရဘူး”

မူရင်းလင်ခ့် – Youtube links | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေထားတဲ့ “နိုင်ငံတကာ သတင်းစုံ”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ်သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တုတွေ တပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။

၈ မိနစ်‌ကျော်ရှည်လျားတဲ့ အခုလို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်လိုက်ပါလာတဲ့ ဗွီဒီယိုထဲမှာ တကယ်တမ်းပါတဲ့ သတင်းတွေဟာ မီဒီယာတွေက ဖော်ပြခဲ့ပြီးဖြစ်တဲ့ မသက်ဆိုင်တဲ့ သတင်းအကြောင်းအရာတွေသာပါဝင်ပြီး ဒီလို‌လေယာဉ်ပျက်ကျတဲ့အကြောင်းလည်းမပါဝင်ပါဘူး။

ဗွီဒီယိုထဲမှာ သတင်းမီဒီယာတွေက ဖော်ပြခဲ့တဲ့ “ရွှေပြည်အေးမြို့သစ်ကို ပြန်လည် ရရှိရေး စစ်တပ်က လေကြောင်း၊ လက်နက်ကြီးဖြင့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက် နေပြီး PDF တပ်ပေါင်းစုက မြို့ကို ဆက်လက် ထိန်းချုပ်ထား”၊ “ရခိုင်ဒေသစစ်ဆင်ရေးသည် ပိုမိုအရှိန်မြင့်တက်လာနေကြောင်း ညီနောင်မဟာမိတ်အဖွဲ့ ထုတ်ပြန်”စတဲ့ သတင်တွေနဲ့ ပြီးခဲ့တဲ့ နှစ်အောက်တိုဘာလက သတင်းတွေဖြစ်တဲ့  “ထီးချိုင့်မှာ KIA၊ PDF၊ AA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ တိုက်ပွဲပြင်းထန်နေ”၊ ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းပြီး လူသားချင်းစာနာမှုဆိုင်ရာ စီးပွာရေးစင်္ကြန်တခုတည်ထောင်ပေးဖို့ ထိုင်းအစိုးအရကို ပီတာလင်ဂျာရိုအန်ရွတ်တိုက်တွန်းတဲ့သတင်းစတာတွေကို ပြန်လည်ဖော်ပြထားခြင်ဖြစ်တယ်။

သုံးသပ်ချက်

သမ္မတဟောင်းဦးသိန်းစိန်နဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါလာတဲ့ လေယာဉ် ပေါက်ကွဲ မီးလောင်ပြာကျတယ်ဆိုတာ မဟုတ်ပါဘူး။ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ တိုက်ပွဲနဲ့ အထွေထွေသတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိနေခြင်းသာဖြစ်တယ်။

Avatar

Title:Fact Check: စစ်ခေါင်းဆောင်နဲ့ သမ္မတဟောင်း လေယာဉ်ပျက်ကျလို့ သေဆုံးမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *