Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု

နိုင်ငံရေး၊

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်းလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတု သတင်းမှားတွေသာဖြစ်တယ်။

အောက်ပါကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတခုပါစာသားကောက်နုတ်ချက်နဲ့ ဖြန့်ဝေထားပုံကို စခရင်ရှော့ရယူထားခြင်းဖြစ်တယ်။ 

“ဒေါ်စုရဲ့အမှုအားလုံးရုပ်သိမ်းပြီး ရာသက်ပန်လွှတ်ပြီ မင်းအောင်လှိုင် ဆွေးနွေးနေရပြီ(ရုပ်/သံ)”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

အဓိကအားဖြင့် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရ လောက်တဲ့ သတင်းအရင်းအမြစ် တခုတလေကမျှလည်း ဒီလိုပြောဆိုဖော်ပြချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးပြီး နိုင်ငံရေးဆွေးနွေးဖို့ စစ်ခေါင်းဆောင်က ကမ်းလှမ်းသယောင် ဖြန့်ဝေနေတဲ့  Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိတာတွေ့ရပါတယ်။  ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Fact Crescendo Myanmar ရဲ့အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။

ဒီချန်နယ်က ယနေ့(ဒီဇင်ဘာ ၂၃ ရက်)အတွက် ဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေကို အောက်ပါစခရင်ရှော့မှာ ကြည့်ပါ။ အားလုံးဟာ သတင်းတုသတင်းမှားတွေဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်အကြောင်းပဲ ဆက်ကြည့်ရအောင်ပါ။ ယနေ့ဖြန့်ဝေမှုမှာ ဒေါ်အောင်ဆန်းစုကြည်နေတဲ့ထောင်မီးရှို့ခံရပြီး သေလားရှင်လား စုံစမ်းနေကြောင်း သတင်းတုဖြန့်ချိထားရာမှာ ၉ နာရီအတွင်း ကြည့်ရှု့သူပေါင်း ၈၇၀၀၀ ကျော်ရှိပါတယ်။ ဒီဗွီဒီယိုကို ဖြန့်ဝေအပြီး နောက်ထပ်တနာရီအကြာမှာ ထပ်မံဖြန့်ဝေထားတဲ့ ဗွီဒီယိုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်အားလုံးက လွှတ်ပေးပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးဖို့ ကမ်းလှမ်းတယ်လို့ ဆိုထားပါတယ်။ ဒီလိုပဲ အခြားသော သတင်းတုသတင်းမှားတွေကတော့ စစ်ခေါင်းဆောင်ကို ICJ မှာ ဖမ်းဖို့‌အောင်မြင်ပြီလို့ ‌ဒေါ်ဇင်မာအောင်ပြောတဲ့အကြောင်းပဲဖြစ်ပါတယ်။ ICJ မှာ မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ့်မှုနဲ့ တရားစွဲဆိုထားတဲ့ အမှုဟာ ကြားနာဆဲအဆင့်မှာသာရှိပါတယ်။ မကြာခဏ ဖြန့်ဝေနေတဲ့ သတင်းတုဖြန့်ချိ သူတွေအကြိုက် သတင်းခေါင်းစဉ်ဖြစ်ပါတယ်။ ချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

ထိုင်းက NUG ကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှု၊ ဗိုလ်ချုပ်အများအပြားထွက်ပြေးမှု၊ စစ်ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်သန်းရွှေ သေဆုံးမှုနဲ့ နေပြည်တော်ကို NUG သိမ်းလိုက်တဲ့ သတင်းတွေဟာလည်း သတင်းတု ဖြန့်ချိမှုတွေပဲဖြစ်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ 

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင်က ဆွေးနွေးဖို့ ကမ်းလှမ်းပြီး ချမှတ်ထားတဲ့ ပြစ်မှုတွေကို ရုပ်သိမ်း လိုက်တယ်လို့ဆိုတာ သတင်းအမှားသာဖြစ်တယ်။ Celegram 1M အမည်နဲ့ ယူကျူ့ချန်ဟာ အခုလိုပဲ ထင်ယောင်ထင်မှားဖြစ်ဖွယ် အကြောင်း အရာတွေနဲ့ လုပ်ကြံရေးသားချက်တွေကို ဖြန့်ချိလေ့ရှိပါတယ်။ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဆွေးနွေးဖို့ ကမ်းလှမ်းဆိုတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *