Fact Check: NUG နဲ့ PDF လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူး လို့ပြောတဲ့ သတင်းတု

False နိုင်ငံရေး | Politics

့ PDF နဲ့ NUG ကိုမထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောလိုက်ပြီးဖြစ်လို့ PDF တွေ အိမ်ပြန်ကြပါဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်း ဖြစ်ပါတယ်။

ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “ဒေါ်စု အဲန်ယူးဂျီ နှင့် ဖီဒီအက်ဖ် လုပ်ရပ်ကို ထောက်မခံကြောင့် ပြောပြီ”စသည်ဖြင့်ရေးသားထားပြီး ဗွီဒီယိုထဲမှာတော့ “ ယနေ့ ဒေါ်စု PDF နဲ့ NUG လုပ်ရပ်ကို ထောက်မခံကြောင်း ပြောလိုက်ပြီ PDF များ အိမ်ပြန်သွားပါဟု”စသည်ဖြင့်ပါဝင်ပြီး “Sabay Kh”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုထဲမှာ စစ်တပ်ထောက်ခံတဲ့ လူတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်နဲ့ နည်းလမ်းနဲ့ နိုင်ငံရေးလုပ်နေတာမို့ ဒေါ်အောင်ဆန်းစုကြည်ဟာ PDF တွေကိုထောက်ခံမှာမဟုတ်တဲ့အကြောင်း၊ PDF တွေကို နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ အသက်အသေမခံဖို့ ပြောကြားနေတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်ဟာ ထိန်းသိမ်းခံရပြီး ၂လ၊ ၃လအကြာမှာပေါ်ပေါက်လာတဲ့ PDF နဲ့ NUG ကို ထောက်ခံမ ထောက်ခံတိုက်ရိုက်မှတ်ချက်ပေးဖို့ ဖြစ် နိုင်ဖွယ်နည်းပါပြီး ယုံကြည်ရလောက်တဲ့ သတင်းအရင်းမြစ်တွေမှာလည်း ပြောဆို‌ဖော်ပြချက်မရှိပါဘူး။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ PDFနဲ့ NUG တို့ကို တရားမဝင်၊မထောက်ခံဘူးဆိုပြီး မကြာခဏ စစ်တပ် ထောက်ခံသူတွေက ဝါဒဖြန့်လေ့ရှိပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာကြည့်ပါ။

အခုလိုမျိုးပဲ ဒေါ်အောင်ဆန်းစုကြည်က PDF တွေက လက်နက်ချခိုင်းတယ်ဆိုပြီးတော့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလထဲမှာ သတင်းမှားဖြန့်ချိခဲ့သေးပြီး အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်မှာ ကြည့်ပါ။

သို့သော်လည်း စစ်တပ်ရဲ့ ဖမ်းဆီးထိန်းသိမ်းခံရစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ကြပြီး ပြန်လည်လွတ်မြောက်လာသူတွေကတဆင့်ပြောကြားချက်ကတော့ မြန်မာလူငယ်တွေဲ့ ဒီမိုကရေစီကို ကာကွယ်တိုက်ပွဲဝင်နေသူ အားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူနေတယ်လို့ဆိုပါတယ်။

သုံးသပ်ချက်

PDF နဲ့ NUG ကိုမထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြောလိုက်ပြီးဖြစ်လို့ PDF တွေ အိမ်ပြန်ကြပါဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ ဒီမိုကရေစီကို ကာကွယ်နေသူတွေအတွက် ဂုဏ်ယူကြောင်းပြောပါတယ်။

ပြောဆိုချက်- PDF နဲ့ NUG ကိုမထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ပြော

Avatar

Title:Fact Check: NUG နဲ့ PDF လုပ်ရပ်ကို ဒေါ်အောင်ဆန်းစုကြည် မထောက်ခံဘူး လို့ပြောတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *