သင်္ကြန်မတိုင်မီက ဒေါ်အောင်ဆန်းစုကြည်သေဆုံးသွားခဲ့တဲ့ သတင်းပေါက်ကြားလာတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ် တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေရဲ့အကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းခေါင်းစဉ်တုနဲ့ မီဒီယာ အချို့မှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို မျှဝေနေခြင်းဖြစ်ပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်ဖြစ်တယ်။ “Page 191”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက “သင်္ကြန်ပြီးမတရားဝင်ကြေညာမဲ့အမေစုသတင်း”လို့ရေးသားမျှဝေထားပြီး ဗွီဒီယိုထဲမှာတော့ ‌ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံတို့နဲ့အတူ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာပြသတဲ့ thumbnail ဓာတ်ပုံစာသားထဲမှာတော့ “တပ်တွင်းသတင်းပေါက်ကြား အမေစု ဆုံးပြီ”လို့ရေးသားထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ဧပြီ ၄ ရက်က မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုကို ဖုံးကွယ်ခဲ့ကြောင်း ဒေါ်စန္ဒာမင်း ဝန်ခံ”ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။

ဘီဘီစီ မြန်မာပိုင်းနဲ့ တွေ့ဆုံမေးမြန်းမှုကို အခြေပြုရေးသားထားတဲ့ ဒီသတင်းမှာ လေးလအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အချို့ တွေ့ခွင့်ရရန် စစ်တပ်နဲ့ ညှိနှိုင်းကာ စွမ်းဆောင်ပေးနိုင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ကျနေသူမို့ပါတီက ထုတ်ပယ်လို့ရကြောင်း၊ ဒုတိယအကြိမ် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံဖို့ကြိုးစားမှုမှာ ပါတီမှတ်ပုံတင်ဖို့အတွက် မှတ်ချက်ရယူရန် သွား‌ရောက်တွေ့ဆုံခြင်းဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ထွက်မတွေ့လို့ ဘာမှတ်ချက်မှမရတဲ့အတွက် ပါတီဟာ ပယ်ဖျက်ခံလိုက်ရတဲ့ အကြောင်း ဒေါ်စန္ဒာမင်းရဲ့ ပြောကြားချက်တွေကို ဖော်ပြထားခြင်းဖြစ်တယ်။

သုံးသပ်ချက်

မြန်မာနောင်း သတင်းဝက်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရခဲ့တာကို NLD ပါတီဝင် ဟောင်း ‌‌ဒေါ်စန္ဒာမင်းက ဖုံးကွယ်ခဲ့တယ် ဆိုတဲ့ သတင်းကို ဒေါ်အောင်ဆန်းစုကြည်သေဆုံးမှု သတင်း ပေါက်ကြားဆိုပြီး ခေါင်းစဉ်တုတပ်ဖော်ပြနေခြင်း ဖြစ်ပါတယ်။

ပြောဆိုချက်- သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တဲ့သတင်းပေါက်ကြား

Avatar

Title:Fact Check: သင်္ကြန်မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်တဲ့သတင်းပေါက်ကြား ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင်

Result: False