Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

False နိုင်ငံ‌ရေး

ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု အွန်လိုင်း အသုံးပြု သူတွေအကြားပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ 

 “မုန်းတိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ။ အမှုအားလုံးရုပ်သိမ်း။”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာ ရေးသားထားပြီး “အမှုအားလုံးကို ရုပ်သိမ်း မုန်တိုင်း နဲ့အတူ ဒေါ်စုပြန်လာပြီ ‌ဒေါ်စုလွတ်ပြီ”စသည်ဖြင့်လည်း ဗွီဒီယိုအစမှာပြ သတဲ့ရုပ်ကတ်မှာ ရေးသားထားပါတယ်။

အောက်ပါစရင်ရှော့ခ်ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။ 

မူရင်းလင်ခ့် – Youtube link | Archive link

ထို့အပြင် ဖေ့စ်ဘွတ်မှာလည်း အလားတူ မျှဝေထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပြီး ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

စစ်တပ်က ဖမ်းဆီးထောင်ချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီဆိုတဲ့ သတင်းမျိုး သတင်းလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။ 

ထို့အပြင် ဗွီဒီယိုအစမှာ ရေးသားထားသလို ဗွီဒီယိုထဲမှာမပါဝင်ပါဘူး။ ဗွီဒီယိုထဲမှာပါဝင်တဲ့အကြောင်းအရာ တွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “စစ်ကောင်စီက တိုင်းပြည်ကို ဆက်လက်၍ ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိတော့”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြားနေခြင်းဖြစ်တယ်။ မြန်မာစစ်တပ် က လွတ်လွတ်လပ်လပ်သွားလာနိုင်တဲ့အကျယ်အဝန်း သိသိသာသာလျော့ကျသွားပြီး ရက်စက် ကြမ်းကြုတ်မှုနဲ့ လေကြောင်းကတိုက်က်နေပေမဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂကတော့ ၁၉၉၀ ဝန်းကျင်က စစ်အာဏာ သိမ်းမှုလိုပဲ မြန်မာနိုင်ငံမှာ စစ်အုပ်စုက အာဏာရှိနေသယောင် ဆက်ဆံနေကြောင်း၊ ဒီလိုဆက်ဆံနေတာဟာ အကျိုးစီးပွားတွေနဲ့ ဆက်စပ်နေကြောင်းစသည်ဖြင့် ဒီ‌ဆောင်းပါးမှာပါဝင်ပါတယ်။

သုံးသပ်ချက်

မိုခါမုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်လိုက်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံကို တကယ်ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့နေတဲ့အကြောင်း ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ခေါင်းစဉ်တုတပ်ပြီး မျှဝေနေခြင်းဖြစ်ပါတယ်။

ပြောဆိုချက်- မိုခါမုန်တိုင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ပြန်လွှတ်လိုက်တယ်

Avatar

Title:Fact Check: ဆိုက်ကလုန်း မိုခါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်တဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *