Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

နိုင်ငံရေး | Politics

လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံလိုက်တယ်ဆိုတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်အသုံးပြုသူ တွေအကြား ဖြန့်ဝေလျှက်ရှိပါတယ်။ သတင်းတုတခုသာဖြစ်တယ်။ စစ်ကောင်စီလက်အောက်ခံလေတပ်ရဲ့ အခမ်းအနားတခုက ဓာတ်ပုံကို ပြုပြင်ထားခြင်းဖြစ်တယ်။

အောက်ပါကတော့ ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ 

“လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” 

တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာနဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုလည်း ဓာတ်ပုံစာသားနေရာမှာ “လေယဉ်အစီး ၈၀ PDFအစားဆာဆာလက်ခံ” လို့ဆိုပြီးရေးသားထားပေမဲ့ မျှဝေထားတဲ့ လင့်ခ်ကို ဝင်ရောက်ဖတ်ရှူ့မယ်ဆိုရင် မသက်ဆိုင်တဲ့ အကြောင်းအရာတခုကို ရောက်ရှိသွား ပါတယ်။ သတင်းဓာတ်ပုံမှာဖော်ပြထားတဲ့ ဒေါက်တာဆာဆာ လေယာဉ်အစီး ၈၀ လက်ခံတဲ့အကြောင်းမဟုတ် သလို PDF အကြောင်းလည်းမပါဝင်ပါဘူး။ 

 ထို့အပြင် ၂၀၁၉ ခုနှစ်အတွင်းက  အခမ်းအနားတခုက စစ်ကောင်စီရဲ့ လေတပ်ဝတ်စုံကို အသုံးပြုပြီး ဒေါက်တာဆာဆာဓာတ်ပုံနဲ့ ပြန်လည်တည်းဖြတ်ဖော်ပြထား ကိုလည်း တွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ 

တကယ်တော့ ဒေါက်တာဆာဆာဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး သာဖြစ်ပြီး ဒီလိုလေယာဉ် လက်ခံရရှိတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်လည်း မတွေ့ရပါဘူး။

သုံးသပ်ချက်

အခြားသော ဝက်ဘ်ဆိုဒ်တခုကို ဝင်ရောက်ကြည့်ရှု့ ဖို့(လင့်ခ်ကို ကလစ်ဖို့) အတွက် လူစိတ်ဝင်စားဖွယ် ခေါင်းစဉ် တုဖန်တီးပြီးလှည့်စားထားတဲ့ Click-bait တခုသာဖြစ်တယ်။ ဒီလိုလေယာဉ်တွေ လက်ခံရရှိတယ်လို့ ဆိုထားပြီး အသုံးပြုထားတဲ့ ဓာတ်ပုံဟာလည်း စစ်ကောင်စီအောက်က လေတပ်ဝတ်စုံသာဖြစ်ပြီး အခမ်းအနားတခုက ဓာတ်ပုံကို ဒေါက်တာဆာဆာနဲ့အစားထိုး ပြုပြင်ထားခြင်းသာဖြစ်တယ်။

Avatar

Title:Fact Check: လေယာဉ်အစီး ၈၀ PDF ကိုယ်စား ဒေါက်တာဆာဆာလက်ခံတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *