Fact Check: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

False လူမှုရေး

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော်သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။

“ ‌တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ သေကုန်ပြီ ပြည်သူ ၁၀၀ ကျော်ဆုံးဟု သတင်းထွက်” “တောင်ကြီး တန်ဆောင်တိုင်ပွဲ PDF တွေ ဝင်စီးလို့ ပွဲရှယ်ကြမ်းနေပြီ “လို့ ရေးသား ပြီး “ဖြစ်ရပ်မှန်သတင်းစုံ” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Youtube linkArchive link  

အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ပို့စ်ကိုလည်း ဒီနေရာ မှာလည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးလို့ ဒီဗွီဒီယိုစာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  အခြားသော လွတ်လပ်တဲ့မီဒီယာတွေမှာ လည်း တောင်ကြီး တန်ဆောင်တိုင် ဗုံးပေါက်တဲ့ သတင်းဖော်ပြခြင်းမရှိပါဘူး။ ဗွီဒီယိုပါအသံဖိုင်ထဲက အကြောင်းအရာဟာ ရန်ကုန်ဆိပ်ကမ်းစစ်လက်နက် ခဲယမ်းနဲ့ ဓာတုဆေးရည်များ သယ်ယူဆိုတဲ့သတင်း၊ဆောမြို့ ရဲစခန်းမှ ရဲစစ်သားတစ်ဦး ပြည်သူရင်ခွင်ခိုလုံဆိုတဲ့သတင်းတွေကို တင်ဆက်နေတာဖြစ်ပါတယ်။

လွတ်လပ်တဲ့သတင်းဌာနတစ်ခုဖြစ်တဲ့ Khit Thit Media သတင်းဌာနက တင်ပြထားတဲ့တောင်ကြီး တန်ဆောင်တိုင် ပွဲနဲ့ပတ်သက်လို့ အခြေအနေကိုလည်း  ဒီလင့်ခ်မှာကြည့်နိုင်ပါတယ်။

သုံးသပ်ချက်အထက်အချက်တွေအရ တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော် သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်ဟာ လူအများစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဥ် ဖန်တီး ပြုလုပ်ထားခြင်းမျိုးသာဖြစ်ပြီး  ဗွီဒီယို အတွင်းမှာ သတင်းခေါင်းစဥ်ပါ အကြောင်းအရာ မဟုတ်ဘဲ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းဌာနတွေက သတင်းတွေကို ဖတ်ကြားနေခြင်းသာဖြစ်ပါတယ်။

Avatar

Title: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

Fact Check By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *