Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။ 

ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link

အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ်က စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုမှာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးကာကွယ်ရမယ်ဆိုပြီး လက်မှတ်ရေးထိုးထားတဲ့ မြန်မာနိုင်ငံက လိုက်နာရန်ပျက်ကွက်ခဲ့တယ်ဆိုပြီးတော့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

အထူးသဖြင့် စစ်အာဏာသိမ်းအပြီးမှာ ဒီလိုတရားစွဲခံရတာနဲ့ ပတ်သက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို “ICJ ကဖမ်းလိုက်ပြီ”၊ “ICJ က သေဒဏ်ချမှတ်”စတဲ့ မကြာခဏ သတင်းတုဖြန့်ဝေနေတာတွေ့ရပါတယ်။

အမှန်တကယ်မှာ ICJ မှာ မြန်မာနိုင်ငံအပေါ် စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ကြားနာနေဆဲသာဖြစ်ပါတယ်။ နောက်ဆုံးသတင်းအနေနဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုစွဲချက်မှာ စစ်တပ်က ပြန်လည်ခြေပဖို့ရာ အချိန်မလုံလောက်တဲ့အတွက် အချိန်တိုးတောင်းတာကို ICJ ပယ်ချလိုက်တာပဲဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ သတင်းကို ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

ICJ က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းတုဖြစ်တယ်။ မြန်မာအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုအပေါ် တားဆီး ရန်ပျက်ကွက်မှုနဲ့ တရားစွဲဆိုမှုဟာ ကြားနာဆဲအဆင့်မှာသာရှိပါသေးတယ်။ ICJ က အပြီးသတ် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ခြင်းမရှိသေးပါဘူး။

ပြောဆိုချက်- ICJ က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်

Avatar

Title:Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *