
ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ လာရောက်တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘောတူညီချက် ၃ ချက်ရရှိကြောင်း စကစ(စစ်ကောင်စီ) ကြေညာတဲ့ သတင်းတုပို့စ်တစ်ခု ဖေ့စ်ဘွတ်နဲ့ ယူကျူ့အသုံးပြုသူတွေကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဒေါ်စုကို မင်းအောင်လှိုင်နဲ့ စိုးဝင်း ၂ယောက်စလုံး သွားတွေ့ပြီး တောင်းပန်”လို့ရေးသားထားသလို ဗွီဒီယိုထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေဆုံမှုအပြီး သဘောတူညီချက် ၃ ချက်ထုတ်ပြန်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးမယ်လို့ စစ်ခေါင်းဆောင်က ကြေညာခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
အလားတူ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ယူကျူ့ ဗွီဒီယိုပါအကြောင်းအရာဟာ ဇွန် ၁၂ ရက်က ဖေ့စ်ဘွတ်မှာ ရေပန်းစားခဲ့တဲ့ မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်တယ်။ ဒီရေပန်းစားသတင်းတွေထဲမှာ အာဏာ သိမ်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးတို့ဟာ မေလ ၂၇ ရက်နဲ့ ဇွန်လ ၄ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်ထောင်အတွင်းမှာ သွားရောက်တွေ့ ဆုံခဲ့တဲ့အကြောင်းလည်းပါဝင်ပါတယ်။ ဒီသတင်းကို ဇွန် ၁၂ ရက်နေ့လည်ပိုင်းက ဧရာဝတီ သတင်းဌာနက စတင်ဖော်ပြခဲ့တာဖြစ်ပြီး အခုဗွီဒီယိုထဲမှာလည်း သတင်းဖော်ပြချက်ကို ပြန်လည်ဖော်ပြထား တာတွေ့ရပါတယ်။
အခုလို ဗိုလ်ချုပ်ကြီး ၂ ဦးသွားတွေ့တာဟာ PDFတွေကို တားပေးဖို့သွားပြောတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘက်က သဘောထားမှ ပြန်မပေးခဲ့ဘူးလို့လည်း ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။

နောက်ထပ်သတင်းတွေကိုလည်း မဇ္ဈိမသတင်းဌာကဖော်ပြခဲ့တဲ့ ကြက်ဥ၊ ဘဲဥ ဈေးတင်ရောင်းချတာကို စိစစ်ရန် စစ်ခေါင်းဆောင် ညွှန်ကြားဆိုတဲ့ သတင်းနဲ့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီး မကြာမီ ကြားကာလ ပြည်နယ် အစိုးရအုပ်ချုပ်ရေး ဖော်ဆောင်မယ်ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန ဖော်ပြချက်တွေမှာတွေ့ရပါတယ်။
သုံးသပ်ချက်
PDF တွေကို တားဆီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ဇော်ဦး လာရောက်တွေ့ဆုံခဲ့တာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နှစ်ယောက်စလုံးသွားတွေ့ပြီး တောင်းပန်မှုအဖြစ် လှည့်စားရေးသားထားခြင်းဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဘက် တစုံတရာ ပြန်မပြောခဲ့ဘဲ စစ်တပ်ဘက်ကလည်း ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာပြောကြားချက်မတွေ့ရပါဘူး။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိ စစ်ကောင်စီထုတ်ပြန်

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူးပေးဖို့အပါအဝင် သဘော တူညီချက် ၃ ချက်ရရှိကြောင်း စကစ ကြေညာတဲ့ သတင်းတု
Written By: နေရာမောင်Result: False