Fact Check: စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

စစ်တပ်ကလေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု  သူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ အောက်ပါ ဗွီဒီယိုပို့စ်ကတော့ ယနေ့ ဖြန့်ဝေလာတဲ့ ဗွီဒီယို ပို့စ်တစ်ခုဖြစ်ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ 

မူရင်းလင်ခ့် – Fb link |  Archive link

ဒီစာမျက်နှာကပဲ အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  မတ် ၁၆ ရက်ကဖြန့်ဝေခဲ့တာကို ဒီနေရာမှာလည်း တွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းကြောင်း မတ် ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒီဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ကျော်ထဲမှာ NLD ပါတီလည်းပါဝင်ပါတယ်။  

မူရင်းလင်ခ့် – RFA Burmese | Archive link

ဗွီဒီယိုပါအကြောင်းအရာဟာလည်း မနေ့က မတ် ၂၈ ရက်က ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းလိုက်တဲ့ စစ်တပ်ရဲ့ လုပ်ရပ်နဲ့ အကြံအစည်တွေအကြောင်းပြောပြနေခြင်းပဲဖြစ်ပါတယ်။ ဒီအကြောင်းအ ရာဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့ခဲ့တဲ့အတွေးအမြင်တစ်ခုဖြစ်ပါတယ်။

ထို့အပြင် စစ်တပ်က NLD ပါတီကို ဖျက် သိမ်းကြောင်း ကြေညာချက်ဟာ တရားမဝင်ဘဲ ပြည်သူရှိသရွှေ့ NLD ပါတီက ဆက်လက်တည်ရှိနေမယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ယနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

သုံးသပ်ချက်

NLD ပါတီအပါအဝင် ပါတီပေါင်း ၄၀ ကျော်ကို ဖျက်သိမ်းကြောင်း စစ်တပ်ခန့် ရွေးကောက်ပွဲကော်မရှင်က မတ် ၂၈ ရက်ကကြေညာပါတယ်။ NLD ပါတီဘက်ကလည်း စစ်တပ်လုပ်မယ့်ရွေး‌ကောက်ပွဲကို အသိအမှတ် မပြုကြောင်းနဲ့ စစ်တပ်ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီဥပဒေအရ မှတ်ပုံပြန်တင်မှာမဟုတ်ကြောင်း ဆုံးဖြတ်ထားတာမို့ နှစ်ဖက်ဆွေးနွေးမယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေး

Avatar

Title:Fact Check: စစ်တပ်က လေသံပြောင်းပြီး NLD နဲ့တွေ့ဆုံဆွေးနွေးဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *