
စစ်ကောင်စီရဲ့ အဓိက အုပ်ချုပ်ရေးနေရာဖြစ်တဲ့ နေပြည်တော်ကို ပြည်သူ့ ကာကွယ်ရေးတွေကသိမ်းပိုက်လိုက်ပြီး ရေ၊မီးဖြတ်တောက်ပစ်လိုက်တယ်လို့ဆိုတဲ့ ဗွီဒီယို ပုံစံနဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြား ပျံ့နှံ့မှု့ အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ဒီဗွီဒီယိုပို့စ်မှာ “အကုန်သိသတင်းဌာန၏ဖေဖော်ဝါရီလ ၉ ရက်နေ့၊နံနက်ခင်းသတင်း”၊ “နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှရေ၊မီး အကုန်ဖြတ်တောက် ပစ်လိုက်ပြီ“လို့ စသည် ဖြင့် ရေးသားကာ “Man Media”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link| Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ချန်နယ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
၇ မိနစ်ကျော် ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ဗွီဒီယိုဖိုင် အဖွင့်မှာထဲမှာပါဝင်တဲ့ “ နေပြည်တော်ကို သိမ်းပိုက်လိုက်ပြီ မအလနဲ့အာဏာရူးအုပ်စုကိုPDFတပ်များမှ ရေ၊မီးအကုန်ဖြတ်တောက် ပစ်လိုက်ပြီ”ဆိုတဲ့ အကြောင်းအရာ မပါဝင်ပါဘူး။
အမှန်တကယ် အသံဖိုင်ထဲမှာ ပါဝင်တဲ့အကြောင်းအရာတွေကတော့ ဒီမိုကရက်တစ်မြန်မာ့အသံမှာ ဖော်ပြခဲ့တဲ့“နေပြည်တော်ကိုသွယ်တန်းထားသည့် လျှပ်စစ်တာဝါတိုင် ၉ တိုင်ကို KNDF ဖောက်ခွဲဖျက်ဆီး” ဆိုတဲ့သတင်း၊ မဇ္စျိမမြန်မာပိုင်းမှာ ဖော်ပြခဲ့တဲ့ ” မြောင်မြို့နယ်တွင် လူဦးရေစာရင်းကောက်သည့် စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဝန်ထမ်း ၄ ဦး ဖမ်းဆီးခံရ”ဆိုတဲ့သတင်း အစရှိတဲ့ သတင်းဌာနတွေက ဖော်ပြခဲ့ပြီးတဲ့ သတင်းအကြောင်းအရာတွေကို ပြန်လည်ဖတ်ကြားနေတာ ဖြစ်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နေပြည်တော်ကိုသိမ်းပိုက်လိုက်ပြီ ဆိုတဲ့သတင်းဟာ လူစိတ်ဝင်စားမှုရရှိအောင် သတင်းခေါင်းစဉ်တုနဲ့ မျှဝေနေခြင်းဖြစ်ပါတယ်။ တကယ်တော့ လွတ်လပ်တဲ့သတင်းဌာနတွေက ဖော်ပြထားတဲ့သတင်းတွေကို ပြန်လည်ဖတ်ကြားပြနေခြင်းဖြစ်ပါတယ်။

Title:Fact Check: နေပြည်တော်ကို PDF ကသိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းမှား
Fact Check By: Zun ZeeResult: False