
NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီလို့ဆိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းလျက်ရှိပါတယ်။ သတင်းတုသာဖြစ်ပါတယ်။
“အင်းအား(၆) သိန်းနဲ့ မြို့သိမ်းတိုက်ပွဲစပြီဗျို့(အားလုံးပြင်ဆင် ထားကြပါဗျို့)”လို့ ရေးသားပြီး “Get the light” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ၁ ရက်အတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၁ သိန်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုပါအကြောင်းအရာဟာ သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ “နွေဦးတော်လှန်ရေး၏ စစ်ဦးစီးချုပ် ဘယ်သ ူဖြစ်လာနိုင်သလဲ”ဆိုတဲ့ အတွေးအမြင်ဆောင်းပါးကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါတယ်။ ဒီဆောင်းပါး မှာ NUG ဟာ အမိန့်တစ်ခုထဲအောက်မှာအကောင်အထည်ဖော်ဖို့လိုတဲ့ကိစ္စတွေအတွက် စစ်ဦးစီးချုပ် တစ်ယောက်ခန့်ဖို့လိုနေတာကြောင့် ခန့်အပ်မယ်လို့လည်း ပြောကြားထားကြောင်းနဲ့ NUG က စစ်ဦးစီးချုပ် အဖြစ် ခန့်အပ်နိုင်ခြေရှိနိုင်တဲ့ သူ ၄ ဦးအကြောင်း သုံးသပ်ရေးသားထားတာဖြစ်ပါတယ်။ ကရင်အမျိုးသား အစည်းအရုံးKNU/ KNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဘောကျော်ဟဲ ၊ ကော်သူးလေ တပ်မတော်မှKTLA ဗိုလ်ချုပ်စောနယ်ဒါးမြ ၊ ရခိုင့်တပ်တော် ULA/AA မှ ဗိုလ်ချုပ်ထွန်းမြတ်နိုင် နှင့် ကချင်လွတ်လပ်ရေး တပ်မတော်KIA မှ ဗိုလ်ချုပ်ဂွမ်မော်တို့ကို စစ်ဦးချုပ်အဖြစ် ရွေးချယ်သင့်ကြောင်း လူမှုကွန်ရက်မှာ ပြောဆိုမှုရှိကြောင်း ဒီအတွေးအမြင်ဆောင်းပါးမှာ ဆောင်းပါးရှင်က ထင်ကြေးပေး ရေးသားထားပါတယ်။ ၄ ဦးစလုံးခန့်အပ်မယ့်အကြောင်းလည်းမပါဝင်ပါဘူး။ အောက်ပါလင့်ခ်မှာ အပြည့်အစုံဖတ်ရှူ့နိုင်ပါတယ်။
မူရင်းလင်ခ့် – သံလွင်ခက် – Than Lwin Khet News | Archive link
အခြားသော ဗွီဒီယိုထဲမှာပါတဲ့ သတင်းတွေဟာလည်း မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည် ဖတ်ကြားနေခြင်းဖြစ်ပါတယ်။
သုံးသပ်ချက်
သံလွင်ခက်မီဒီယာကဖော်ပြခဲ့တဲ့ NUG စစ်ဦးစီးချုပ် ဖြစ်လာနိုင်သူတွေအကြောင်းရေးသားထားတဲ့ အတွေးအမြင် ဆောင်းပါးကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းြဖစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကစစ်ဦးစီးချုပ်ခန့်အပ်မယ်လို့ ပြောကြားထားပေမဲ့ စစ်ဦးစီးချုပ်ခန့် အပ်ပြီးဖြစ်တယ်ဆိုတဲ့ အထောက်အထားမတွေ့ရပါဘူး။

Title:Fact Check: NUG က စစ်ဦးစီးချုပ် ၄ ဦးခန့်လိုက်ပြီး အင်အား ၆ သိန်းနဲ့ မြို့သိမ်းတိုက်ပွဲ စတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False