
ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။
အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။
“ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ
********************************
ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန်
နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့)
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရှာဖြူဒင်အာမက် က မီဒီယာများကို ပြောဆိုချက်အား NUGအနေဖြင့် အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း၊ မြန်မာစစ်တပ်နှင့် စစ်မက်ဖြစ်ပွားလာပါက NUGလက်အောက်ရှိ PDF တိုင်းစစ်ဒေသကြီး ၇ ခု၊ တိုက်ခိုက်ရေးတပ်ရင်းကြီး ၁၅၆ ရင်းနှင့် အထူးကွန်မန်ဒိုတပ်ခွဲ ၉၅ ခုတို့က ဘင်္ဂလားဒေ့ရ်ှတပ်မတော်နှင့်အတူ လက်တွဲကာအာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ပူးပေါင်း တိုက်ပွဲဝင်ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက် NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်ဟုRT နိုင်ငံတကာသတင်းစဉ်တွင် ဖော်ပြသည်။
အထက်ပါ NUG၏ ထုတ်ပြန်ချက်တွင် “မြန်မာပြည်တွင် မွေးဖွားခဲ့ကြသည့် ဘင်္ဂါလီ(မူရင်းသတင်း -ရိုဟင်ဂျာတိုင်းရင်းသား)များအပေါ် လူမဆန်စွာလူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ တရားမဝင် စစ်ကောင်စီကို အမြစ်ပြတ်တိုက်ထုတ်ရန် NUGက လုပ်ဆောင်နေသော်လည်း လူ၊ လက်နက်အင်အား မမျှသဖြင့် ပြောက်ကျားတိုက်စစ်များသာ လုပ်ဆောင်နေရပြီးဘင်္ဂလားဒေ့ရ်ှတပ်မတော်က ဝင်တိုက်လာပါက စစ်ကောင်စီပြုတ်ကျရေး အချိန်မရွေး ပူးပေါင်းတိုက်ခိုက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် NUGကို စတင်ဖွဲ့စည်းစဉ်မှ ယနေ့ချိန်ထိ ဘင်္ဂါလီ(မူရင်းသတင်း – ရိုဟင်ဂျာတိုင်းရင်းသား)များ၏ လူ့အခွင့်အရေးနှင့် တိုင်းရင်းသားအခွင့်အရေးများအတွက်ခိုင်ခိုင်မာမာ အာမခံချက် ပေးထားပါကြောင်း ”ဖြင့်ဖော်ပြပါရှိသည်။
အဆိုပါ သတင်းအား အမေရိကန်နှင့် ဥရောပနိုင်ငံများရှိ နိုင်ငံတကာသတင်းဌာနများက ရေးသား ဖော်ပြခဲ့ကြသော်လည်း မြန်မာဘာသာဖြင့် ထုတ်ဝေသည့် ပြည်တွင်း၊ ပြည်ပ သတင်းဌာနများကမူဖော်ပြခြင်း မပြုကြသေးပေ။
Credit; RT International news:”လို့ ရေးသားပြီး “ဟင်္သာမင်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီး ကျည်အချို့ မကြာခဏကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အဲဒီနောက် ဘင်္ဂလားဒေ့ရှ်က စစ်ကောင်စီခန့် မြန်မာနိုင်ငံ ဆိုင်ရာသံအမတ်ကို ခေါ်ယူကန့်ကွက်ခဲ့သလို ဘင်္ဂလားဒေ့ရှ် စစ်ဦးစီးချုပ်ကလည်း လိုအပ်ရင် မြန်မာကို တုန့်ပြန်ဖို့အတွက် သူ့ရဲ့တပ်တွေကို ပြင်ဆင်ထားတယ်လို့ မီဒီယာတွေကရေးသားပါတယ်။
သို့သော်လည်း “ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ရှာဖြူဒင်အာမက် က မီဒီယာများကို ပြောဆိုချက်အား NUGအနေဖြင့် အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း၊ မြန်မာစစ်တပ်နှင့် စစ်မက်ဖြစ်ပွားလာပါက NUGလက်အောက်ရှိ PDF တိုင်းစစ်ဒေသကြီး ၇ ခု၊ တိုက်ခိုက်ရေးတပ်ရင်းကြီး ၁၅၆ ရင်းနှင့် အထူးကွန်မန်ဒိုတပ်ခွဲ ၉၅ ခုတို့က ဘင်္ဂလားဒေ့ရ်ှတပ်မတော်နှင့်အတူ လက်တွဲကာအာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ပူးပေါင်း တိုက်ပွဲဝင်ပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံနယူးယောက်မြို့အခြေစိုက် NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်ဟုRT နိုင်ငံတကာသတင်းစဉ်တွင် ဖော်ပြသည်။”ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး NUG ရဲ့ထုတ်ပြန်ချက်မတွေ့ရပါဘူး။
အစည်းအဝေးမှတ်တမ်း ဓာတ်ပုံဟာ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တာဝန်ရှိသူတွေ ၂၀၂၂ ခုနှစ် ဩဂုတ် ၃၁ ရက်က ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးတိမ်းရှောင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်ရက်စွဲအရ ရုရှားအစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ RT News ကရေးသားတယ်လို့ဆိုပြီး ရက်စွဲ အနေနဲ့ “နယူးယောက် စက်တင်ဘာ ၂၄(စနေနေ့)”လို့ရေသားထားပါတယ်။ RT News ရဲ့ ကမ္ဘာ့ရေးရာ သတင်းဖော်ပြချက်တွေကို ဒီမှာကြည့်ပါ။ စက်တင်ဘာ ၂၄ ရက်က ကမ္ဘာ့ရေးရာသတင်းအဖြစ်စုစုပေါင်း ၂၃ ပုဒ်ဖော်ပြခဲ့ပြီး သတင်းတွေမှာ မြန်မာနိုင်ငံအကြောင်းမပါဝင်ပါဘူး။ အောက်ပါ screenshot ဓာတ်ပုံကတော့ အဲဒီသတင်းဝက်ဘ်ဆိုဒ်ရဲ့ စက်တင်ဘာ ၂၄ ရက်က သတင်းဖော်ပြချက်တွေကို စုစည်းဖော်ပြထားခြင်းဖြစ် ပါတယ်။

သုံးသပ်ချက်
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို နိုင်ငံခြားနဲ့ပူးပေါင်းကြံစည်ပြီး စစ်ကောင်စီကို တော်လှန်နေသူတွေအဖြစ် လူထုအကြားမှာ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းတုနဲ့ ဝါဒဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် က စစ်ရေးအရတုန့်ပြန်မယ်လို့ မီဒီယာတွေကိုပြောဆိုခဲ့တာမှန်ပေမဲ့ NUG အစိုးရကတစ်စုံတစ်ရာ ထုတ်ပြန်ပြော ဆိုချက်မရှိပါဘူး။ ရုရှားအစိုးရပိုင်သတင်းဌာနဖြစ်တဲ့ RT News ကလည်း ဒီအကြောင်းကိုဖော်ပြခဲ့ခြင်းမရှိပါဘူး။

Title:Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား
Fact Check By: Nayar MaungResult: False