
မတ် ၁၁ ရက်က တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ပို့စ် ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့ခဲ့တာဟာ သတင်းမှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ တကယ်တော့ မူရင်းက သတင်းဖော်ပြချက် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရသတင်းကို အရေအတွက်ချဲ့ကား ထားခြးဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ပို့စ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
“တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉၀၀ ဦးသေဆုံး
မတ် ၁၁
တနင်္သာရီမြို့နယ်က စစ်ကောင်စီယာဥ်တန်း မနေ့ကမနက်ပိုင်းမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတယ်လို့ သိရပါတယ်။
မြိတ်မြို့ဘက်ကနေ စစ်ကားကြီးတစ်စီးအပါအဝင် စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ ကား ၃၀ စီးပါယာဥ်တန်း ပြည်ထောင်စုလမ်းအတိုင်းဆင်းလာချိန် မနက် ၁၀ နာရီလောက်မှာ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးမှာတိုက်ခိုက်ခံရတာပါ။
တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်က ၉၀၀ ဦးသေဆုံးပြီး ၂၀၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မိုင်းဆွဲခံရပြီးနောက်စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့ပေမယ့် pdf တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။
အခုတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ မြိတ်ခရိုင်PDF တပ်ရင်း (၂) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့သိရပါတယ်။
အခုလ ၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်အတွင်း စစကောင်စီတပ်သားတွေ ၅ ကြိမ်ထက်မနည်းတိုက်ခိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း pdf ဘက်ကလည်း လက်နက်ကြီးထိမှန်ပြီး ရဲဘော်တစ်ဦးကျဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဓာတ်ပုံ – တနင်္သာရီမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ။(ပုံဟောင်း)” လို့ရေးသားပြီး “Myeik Now”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
မတ် ၁၁ ရက်က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရဆိုတဲ့ သတင်းကို လုပ်ကြံဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ အရေအတွက်နေရာမှာ ၉ ဦးသေဆုံးမှုကို ၉၀၀ ဦးသေဆုံး၊ ၂၀၀ ဦးဒဏ်ရာရရှိဆိုပြီးတော့ ပြောင်းလဲဖော်ခဲ့ခြင်း ဖြစ်ပါတယ်။
မဇ္ဈိမသတင်းဌာန ယူကျူ့ချန်နယ်မှာလည်း စစ်သား ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရဆိုပြီးတော့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။
(youtube- embed it)
[https://www.youtube.com/watch?v=ZaQvS_CDPIs]
တတယ်တော့ အခု ရေးသားဖော်ပြထားတဲ့ သတင်းဟာ တနင်္သာရီတိုင်းမ်အမည်နဲ့ ဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “တနင်္သာရီမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး”ဆုတဲ့သတင်းကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။

မူရင်းလင်ခ့် – Tanintharyi Times | Archive link
သုံးသပ်ချက်
မတ် ၁၁ ရက်က သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံး၊ ၂၀ ဦးဒဏ်ရာရဆိုတဲ့ သတင်းကို ချဲ့ကားပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။ပြောဆိုချက်- တနင်္သာရီမှာ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံး၊ ၂၀၀ ဦးဒဏ်ရာရ

Title:Fact Check: တနင်္သာရီမှာ PDF တွေမိုင်းဆွဲတိုက်ခိုက်လို့ စစ်သား ၉၀၀ သေဆုံးတဲ့ ချဲ့ကားထားတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: False