Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

False နိုင်ငံရေး | Politics

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား ရတဲ့ သမ္မတဦးဝင်းမြင့် ကျန်းမာရေးမကောင်းလို့ ပြင်ပဆေးရုံမှာ ဆေးကုသမှု ခံယူဖို့ တောင်းဆိုထားတဲ့ အကြောင်း မိသာစုနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဘီဘီစီမြန်မာပိုင်းက ရေးသားပါတယ်။ အပြည့်အစုံကို ဒီလင့်ခ်မှာကြည့်ပါ။

နောက်ထပ် ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ အ‌လောင်းပြန်မရဆိုတဲ့ ဗွီဒီယိုမှာတော့ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဇွန် ၁၅ ရက်မှာ ဖော်ပြခဲ့တဲ့ “ရန်ကုန်နှင့် မန္တလေးတွင် ရွှေကုန်သည်နှင့်ရွှေဆိုင်ပိုင်ရှင် ၂၀  ဦးကို စစ်တပ်က ဖမ်းဆီးသော်လည်း ရွှေစျေးနှင့်ဒေါ်လာစျေး မကျ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ 

သုံးသပ်ချက်

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေရဲ့ ပြောဆိုချက်ဟာ မမှန်ပါဘူး။ သမ္မတ ဦးဝင်းမြင့် ကျန်းမာရေးမကောင်းဖြစ်နေတာကြောင့် အပြင်မှာ ဆေးကု သခွင့်ရဖို့အတွက်တောင်းဆိုထားတဲ့ သတင်းကို ခေါင်းစဉ်တုတပ် ထားခြင်းဖြစ်တယ်။

ပြောဆိုချက်- သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီး စစ်တပ်ကအလောင်းပြန်မပေး

Avatar

Title:Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *