Fact Check:  ဧပြီ ၁၄ နဲ့ ၁၅ ရက်မှာ မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းမှား

Misleading လူမှုရေး

ဧပြီ ၁၄ ရက်နဲ့ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ဆိုက်ကလုန်းမုန်တိုင်းကြီးဝင်ရောက်လာမယ်လို့ဆိုထားတဲ့ ဗွီဒီယိုတခု ‌ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှာ ဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ ဧပြီ ၁၃ ရက်မှာ စတင်ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်အထိ ကြည့်ရှု့မှုပေါင်း ၂ ဒသမ ၄ သိန်းကျော်ရရှိ ထားတယ်။

“နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့်

နေ့လည် ၁ နာရီမုန်တိုင်းသတင်းထူး ဧပြီ ၁၄ – ၁၅ မှာ ဝင်လာမယ့် ဆိုက်လုံးမုန်တိုင်းကြီး စုစုစံ အရေးပေါ်”

မူရင်းလင်ခ့် – Youtube link | Archive link

နောက်ဆက်တွဲ သတင်းတခုအနေနဲ့ “ညနေ ၆ နာရီခွဲ မုန်တိုင်းသတင်းထူး သင်္ကြန်အကြတ် နဲ့ အတက်မှာ ဝင်လာမယ့်အဖျက်မိုးမုန်တိုင်းကြီး”ဆိုပြီးတော့လည်း ဒီဖေ့စ်ဘွတ်စာမျက်နှာက ထပ်မံမျှဝေခဲ့ပါသေးတယ်။ ဒီနေရာနဲ့ ဒီနေရာမှာကြည့်ပါ။

တကယ်ပဲ မုန်တိုင်းကြီးတခု မြန်မာနိုင်ငံကို ဝင်ရောက်ဖို့ ရှိပါသလား။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုထဲမှာဖော်ပြထားတဲ့အကြောင်းအရာဟာ မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်တွေ ပုံမှန်မျှဝေလေ့ရှိတဲ့ “Su Su San”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဧပြီ ၂၈ ရက်မှာ မေ ၁၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုက်ကလုန်းမုန်တိုင်းတလုံးဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ကို ခေါင်းစဉ်တု သို့မဟုတ် နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်လွဲတပ်ပြီး ဖြန့်ဝေနေတာတွေ့ရပါတယ်။ မူရင်းရေးသား ဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။  အောက်မှာကတော့ မူရင်းပို့စ်ပါ ဖော်ပြချက်စာသားကောက်နုတ်ချက်နဲ့ ဒီပို့စ်စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။

“မုန်တိုင်းသံပေးပြီ ⚠⚠⚠

၂၀၂၄ ဧပြီလ ၂၈ရက်နေ့မှ မေလ ၁၃ရက်နေ့အတွင်း

ဘင်္ဂလားပင်လယ်အော်မှာ ဆိုင် ကလုံးမုန်တိုင်းတစ်လုံးဖြစ်ပေါ်လာနိုင်တယ်လို #ECMWF မော်ဒယ်ကြီးက ယနေ့စတင်ခန့်မှန်းပေးထားတာဖြစ်လို့ အချိန့်ပြည့်နီးပါး စောင့်ကြည့်ထောက်လှမ်းရတော့မှာဖြစ်ပါတယ်

ISSUED TIME

12/04/2024 7:59am(MMT)

Su Su San မင်း ဂွတ် သီး

𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚”

ဒီအပြင် လတ်တလောမှာ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဒီလိုမုန်တိုင်းဝင်ရောက်နိုင်တဲ့ သတင်း ထုတ်ပြန်ချက်မျိုး မတွေ့ရပါဘူး။

သုံးသပ်ချက်

မိုးလေဝသနဲ့ ဇလဗေဒခန့်မှန်းချက်တွေ ပုံမှန်မျှဝေလေ့ရှိတဲ့ “Su Su San”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဧပြီ ၂၈ ရက်မှာ မေ ၁၃ ရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆိုက်ကလုန်းမုန်တိုင်းတလုံး ဖြစ်ပေါ်လာနိုင် တယ်ဆိုတဲ့ ခန့်မှန်းချက်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဧပြီ ၁၄ ရက် နဲ့ ၁၅ ရက်မှာ မြန်မာနိုင်ငံကို မုန်တိုင်းဝင်မယ်ဆိုတာ မဟုတ်ပါဘူး။

ပြောဆိုချက်- ဧပြီ ၁၄ နဲ့ ၁၅ ရက်မှာ မြန်မာနိုင်ငံကို မုန်တိုင်းကြီးဝင်မယ်

Avatar

Title:Fact Check: ဧပြီ ၁၄ နဲ့ ၁၅ ရက်မှာ မုန်တိုင်းကြီးဝင်မယ်ဆိုတဲ့ သတင်းမှား

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *